ပြည်သူ့ပါတီ-PPက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဟာ ရွေးကောက်ပွဲမဲဆွယ်ဟောပြောရာမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းဖြစ်စဥ်ကို “အရေးတော်ပုံ၊“တော်လှန်ရေး”စတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့တဲ့အပြင် ၎င်းရဲ့သားဟာ PDF ထဲ ဝင်ခဲ့၍ ထောင်ကျခဲ့ပြီး မျိုးဆက်သုံးဆက်တိုင် နိုင်ငံရေးအကျဉ်းသားလုပ်ခဲ့တယ်လို့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။
ဦးလွင်မြင့်ရဲ့ ဒီလိုမဲဆွယ်ဟောပြောမှု၊ သုံးနှုန်းမှုတွေဟာ ဥပဒေနဲ့မကိုက်ညီဘူးဆိုပြီး ဦးလွင်မြင့်ကိုကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးပေးနိုင်ပါရန်ဆိုတဲ့အတွက် နိုဝင်ဘာ ၁၆ရက်နေ့မှာ
UECကနေ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို သိရပါတယ်။
အဲ့ဒီဖြေဆိုချက်ထဲမှာ ဦးလွင်မြင့်ရဲ့အကြောင်းအရာမှန်ကန်ခဲ့ရင် တရားစွဲအဖွဲ့အစည်းတွေက သက်ဆိုင်ရာဥပဒေနဲ့အရေးယူဆောင်ရွက်ရမှာ ဖြစ်ပြီး UEC ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ သက်ဆိုင်တဲ့လွှတ်တော်ရွေးကောက်ပွဲ
ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ဆက်လက် အရေးယူဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်ရှင်…
Crd_ဒီဂျစ်တယ်နေ့စဉ်
