သီပေါ၊ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်ဆင်ရေးဒေသများတွင် တိုက်ပွဲသတင်းများကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကိုခိုင်ဇော် က “လောလောဆယ်ပြောနိုင်တာကတော့ သီပေါမြို့ထဲကို ကျနော်တိုတပ်တွေ ရောက်လာတော့မှာပါ။ ပလောင်အကြမ်းဖက်သူပုန်တွေကတော့ ပြေးဖိုအတွက် ကျောပိုးအိတ်တောင်အသင့်ပြင်ပြီးနေပါပြီ။” ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
နောင်ချိုမြို့မှ ဆုတ်ခွါထွက်ပြေးသည့် TNLA/ PDF အကြမ်းဖက်သများကို လိုက်လံနှိမ်နင်းဆောင်ရွက်လျက်ရှိရာ ကျောက်မဲမြို့နယ်အတွင်း အခြေပြုနေသည့် အကြမ်းဖက်အဖွဲ့များကို ရှင်းထုတ်နိုင်ခဲ့ပြီး ယခုအခါ သီပေါမြို့နယ်ထဲတွင် ဆက်လက်ရှင်းလင်းဆောင်ရွက်နေခြင်း ဖြစ်သည်။
TNLA အကြမ်းဖက်အဖွဲ့အနေဖြင့် ၎င်းတို့ဆုတ်ခွါထွက်ပြေးရာ လမ်းတလျှောက်ရှိ လမ်းတံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ကိုခိုင်ဇော်
