လာမယ့် (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်မှာစတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ အနုပညာကဏ္ဍအသီးသီးမှ အနုပညာရှင် များစွာ ပူးပေါင်းပါဝင်လာကြပြီဖြစ်ရာ ၎င်းတို့ရိုက်ကူးထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှု ရုပ်သံတွေ ကိုလည်း ထုတ်လွှင့်ပြသလျက်ရှိပါတယ်။
ကနဦး နေတိုး၊ မြင့်မြတ်၊ အေးချမ်းမောင်၊ နေဝင်း၊ မေမြင့်မိုရ်၊ ခြူးလေးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ခေတ်သမိုင်းကို ဒုန်းစိုင်းကြသူများ’ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဇာတ်လမ်းတိုတစ်ပုဒ်ထုတ် လွှင့်ပြီးချိန်မှာ တော့ တည်ငြိမ်အေးချမ်းမှုကိုမလိုလားသူလူနည်းစုက ၎င်းတို့အပေါ် နည်းလမ်းမျိုးစုံအသုံးပြုကာ ဝေဖန်ခြိမ်းခြောက်ခဲ့ ကြပေမယ့် တစ်ပတ်အကြာမှာတော့ အနုပညာရှင် (၁၀ဝ) ထက်မနည်း ပါဝင်ရိုက်ကူးထားတဲ့ ရွေးကောက်ပွဲအသိပညာ ပေးနှိုးဆော်မှုရုပ်သံတွေထွက်ရှိချိန်မှာတော့ နှုတ်ဆိတ်သွားခဲ့ကြပြီဖြစ်ပါတယ်။
(၂၀၂၁)ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကာလမှာ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုံ့ဆော်ခဲ့ကြတဲ့ မြန်မာနိုင်ငံ ရဲ့ ထိပ်တန်းမင်းသား၊ မင်းသမီး စာရင်းဝင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ အလင်းရောင်တို့ အပါအဝင် မိုးဟေကို၊ ခင်ဝင့်ဝါ၊ ရွှေထူး၊ ရွှေမှုန်ရတီ၊ ရွှေသမီး၊ ပိုင်တံခွန်၊ တိုင်ရွန်၊ လွှမ်းပိုင်၊ နန်းဆုရတီစိုး၊ ရတနာဗိုလ်၊ ချောရတနာ၊ ဖူးစုံ၊ ထူးအောင်၊ ထက်အောင်ရှိုင်း၊ ချာလီ၊ ယွန်းဝတီလွင်မိုး၊ ဝါဆိုမိုးဦး၊ မေမီကိုကို၊ ထွန်းထွန်း၊ ညီနန္ဒ၊ ဆင်မ၊ သင်ဇာဝင့်ကျော်၊ အေးမြတ်သူ၊ ထွန်းအိန္ဒြာဗို၊ သဲစုညိမ်း၊ ကျော်ထက်အောင်၊ ဝတ်မှုံရွှေရည်၊ ဟိန်းဝေယံ၊ စိုးပြည့်သဇင်၊ သဇင်ထူးမြင့်၊ နေရဲ၊ မေပန်းချီ၊ ခင်လှိုင်၊ ခိုင်သင်းကြည်၊ ဆောင်းဝတ်ရည်မေ၊ အောင်ရဲလင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ နော်ဖောအယ်ထား၊ နေမျိုးအောင်၊ ပိုးမမှီသာ၊ မီးပွား၊ ဝိုင်း၊ ဝင်းလွင်ထက်၊ ဩရသ အစရှိတဲ့ ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာတွေလည်း ရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှုကမ်ပိန်းမှာ ပူးပေါင်းပါဝင်ထားကြပြီဖြစ်ပါတယ်။ လူမင်းနဲ့ဒါရိုက်တာဝိုင်းတို့ ကတော့ ပါးနပ်လှစွာပဲ ရိုက်ကူးရေးဒါရိုက်တာအဖြစ်သာအားဖြည့်ခဲ့တာကို သတိပြုမိပါတယ်။
ဒါ့ပြင် ရဲရင့်အောင်၊ အိမ့်ချစ်၊ လွှမ်းပိုင်၊ အောင်လ၊ မိစန္ဒီ၊ နီနီခင်ဇော်၊ ချမ်းမြေ့မောင်ချို၊ မေလသံစဉ်၊ ဝေလ၊ ဖိုးကာ၊ အေးမြဖြူ၊ လိမ္မော်သီး၊ ဖြိုးမြတ်အောင်၊ ဟန်နေတာ၊ အောင်ထက် အစရှိတဲ့ ဂီတအနု ပညာရှင်များစွာလည်း ပါဝင်လာကြပြီဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ ရွေးကောက်ပွဲအပိုင်း(၁)ကို (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး၊ ရွေးကောက်ပွဲအပိုင်း(၂)ကို (၂၀၂၆)ခုနှစ် ဇန်နဝါရီလ(၁၁)ရက်မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ကာ ရွေးကောက်ပွဲအပိုင်း(၃)ကို (၂၀၂၆) ခုနှစ် ဇန်နဝါရီလ(၂၅)ရက်မှာ ကျင်းပသွားမှာဖြစ် ကြောင်း အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ (၁၁) ရက်က အသိပေးထုတ်ပြန်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးဟူသည့် နိုင်ငံရေးရည်မှန်းချက် အရွေ့တစ်ခု သည် အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပြိုင်တူဝိုင်းပြီးတွန်းမှသာ ပန်းတိုင်သို့ မှန်မှန်နှင့် မြန်မြန်ရောက်ရှိနိုင်မည်ဖြစ်သည့်အတွက် ယခုနှစ် ဒီဇင်ဘာလနှင့် လာမည့်နှစ် ဇန်နဝါရီလအတွင်း တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ပြီးမြောက်စေရန်အတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပြီး ဆန္ဒမဲပေးကြရန်လိုအပ်ကြောင်း” တိုက်တွန်းပြောကြားထားပါတယ်။ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် လာစေဖို့ဆိုရာ အနုပညာရှင်တွေရဲ့အသိပညာပေးနှိုးဆော်တိုက်တွန်းမှုက အင်အားတစ်ခုသဖွယ်အရေးကြီးလှတာ ကြောင့် အနုပညာရှင်တွေအနေနဲ့ကလည်း မိမိတို့အနေနဲ့ မစွမ်းသာလို့ လုပ်ကိုင်ဆောင်ရွက်ရတဲ့အပြုအမူမျိုးနဲ့မဟုတ်ဘဲ ပြည်သူနဲ့တိုင်းပြည်အတွက် စဉ်းစားတွေးပေးပြီး အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြဖို့လိုအပ်လှပါတယ်။
CRD//NP NEWS


