ရန်ကုန် လားရှိုး ခရီးစဉ်များကို ပြည်ထောင်စုလမ်းမကြီး အတိုင်းခရီးသည်တင်မော်တော်ယာဉ်များ ပြန်လည်းပြေးဆွဲပေးနေသော်လည်း ကန့်သက်မှတ်ပုံတင်များကိုင်ဆောင်ထားသူများမှာ ပုံမှန်စျေးထက်ကားခပိုပေးရကြောင်းကို ကားဂိတ်များမှသိရသည်။
လက်ရှိ ရန်ကုန် လားရှိုး ခရီးစဉ်များကို ယခင်လမ်းအတိုင်း ပြည်ထောင်စုလမ်းမကြီး (ရန်ကုန် – မန္တလေး – ပြင်ဦးလွင်- နောင်ချို – ကျောက်မဲ – သီပေါ – လားရှိုး) စသည့်လမ်းအတိုင်းကို အချို့ယာဉ်လိုင်းများတစ်ရက် ခြား ထွက်သလို အချို့ယာဉ်လိုင်းများကနေ့စဉ်ထွက်လျက်ရှိသည်။
“ရန်ကုန်ကနေလားရှိူးကိုသွားမယ်ဆို မှတ်ပုံတင်ကတော့မပါမဖြစ်လိုပါတယ် အဲဒီမှာ၁၂/ဆိုသွားလာရတာအဆင်ပြေတယ် သူတို့ကန့်သတ်ထားတဲ့မှတ်ပုံတင်ဆိုရင်သွားလာရတာခက်ခဲမှုတော့ရှိတယ် ဥပမာ – ၅/၈/
၁၁/ တွေဆိုသွားလားရတာ ခက်ခဲတယ်စစ်ဆေးမှုကြန့်ကြားတက်တယ် ဒီအတွက်အဲဒီမှတ်ပုံတင်တွေနဲ့လက်မှတ်လာဖြက်ရင်တစ်ချို့ဂိတ်တွေကလက်မခံတာတွေကားခပိုတောင်းတာတွေလည်းအမျိုးမျိုးရှိပါတယ်”ဟု အဝေးပြေးကားလက်မှတ်များကိုဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။
