သဲနဲ့အပက်ခံရတဲ့ မိုးကုတ်

ပြီးခဲ့တဲ့ အပတ်မှာ TNLA က မိုးကုတ်၊ မိုးမိတ်ကို တပ်မတော်ကို ပြန်ပေးဖို့ ကြေငြာချက်ထုတ်တာနဲ့ ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့တွေကြားထဲမှာ အခုထိ အုတ်အော်သောင်းနင်းဖြစ်နေကြတယ်။

EAO အဖွဲ့တွေ မြို့ပြန်ပေးပြီး တပ်မတော်နဲ့ ညှိနှိုင်းလာကြတဲ့အကြောင်းအရင်းကို တရုတ်ကြောင့်လို့ တော်တော်များများ ပြောနေကြတာ သိပ်တော့ ဘဝင်မကျပါဘူး။

ဝ အဖွဲ့ရဲ့ လက်နက်ခဲယမ်းထောက်ပံ့မှုရပ်ဆိုင်းတာရယ်၊ ထိုင်းနယ်စပ်ကနေ မှောင်ခိုသွင်းနေတဲ့ အဖွဲ့တွေ ဖြိုခွင်းခံရတာရယ်နဲ့ ခဲယမ်းထုတ်နိုင်တဲ့ KIA နဲ့လည်း မတည့်တာကြောင့် ပလောင်တွေမှာ ခဲယမ်း အခက်အခဲဖြစ်နေတာကြာပါပြီ။

ဒါကြောင့်လည်း တောင်ခမ်းကနေ စပြီး တစ်မြို့ပြီးတစ်မြို့ ပြန်ပေးခဲ့ရတာပါ။ ခဲယမ်းမလုံလောက်လို့ ကိုယ့်အခြေအနေကိုယ်သိပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရုတ်ကို အပူကပ်ရတဲ့ တားဂျူတ်ဂျားတို့ ပလောင်တွေက တရုတ်ဖိအားကြောင့် မြို့ကိုပြန်ပေးရတာပါဆိုတဲ့စကားပြောထွက်တာ ရယ်ရတယ်။

အပစ်အခတ်ရပ်စဲထားတဲ့အချိန် မိုးကုတ်အနားရောက်နေပေမယ့် ဝင်မတိုက်တာကို အခွင့်ကောင်းယူပြီး တားဘုန်းကျော်က မိုးကုတ်ကို ငါတို့မရမယ့်အတူတူ ချပစေဆိုပြီး PDF လက်ထဲထည့်ချင်တဲ့အရိပ်ယောင်တွေ လှုံ့ဆော်တယ်။

အဖွဲ့ပေါင်း သောင်းခြောက်ထောင်က မိုးကုတ်ကို သူယူမယ်၊ ငါယူမယ်နဲ့ ငြင်းခုန်လာကြတော့ ပြည်သူတွေမှာ သီပေါတို့ လားရှိုးတို့လို့ အေးအေးဆေးဆေးပြီးရမယ့်ဟာ စစ်ကိုကြောက်ပြီး ရှောင်ကြရပြန်ရော။

သံပုံးတီးတယ်ဆိုပြီး ဗီဒီယိုအဟောင်းတွေနဲ့ လုပ်ကြံ ဝါဒဖြန့်ထားတဲ့ အောက်တွေမှာ မိုးကုတ်ဒေသခံတွေ ကွန်မန့်တွေ ဝင်ဖတ်ရင် အဖြစ်မှန်ကို သိလိမ့်မယ်။ သံပုံးတီးဖို့နေနေသာသာ ဘယ်ပြည်သူစစ်စစ်မှ မနေရဲဘူး။ PDF တွေကိုကြောက်လို့ စစ်ရှောင်နေကြပြီ။

ကိုယ့်သဘောသာဆိုရင် မြို့ခံ နာမှာစိုးလို့ TNLA နဲ့ ညှိနှိုင်းမှုလက်ခံတာကို အခုလို PDF နဲ့တိုက်ပြီးမှ ပြန်ရမယ်ဆိုရင် ဘာမှမထူးဘူးလို့ မြင်ရတယ်။ ဒီလိုတော့ ဖြစ်လို့မရဘူး။ TNLA နဲ့ဖြစ်ဖြစ် PDF နဲ့ဖြစ်ဖြစ် သေနတ်တစ်ချက်ဖောက်ပြီး မိုးကုတ်ထဲ ပြန်ဝင်ရတာနဲ့ အဲ့ဒီ သဘောတူညီချက်ဟာ ပျက်ပါလိမ့်မယ်။

တားဘုန်းကျော်တို့ လည်တော့ လည်တယ်၊ တပတ်မပြည့်ဘူး။ MNDAA လားရှိုးကနေခွာတော့ တပ်ကို လုံခြုံရေးယူပေးရတာ မေ့နေတယ်ထင်ပါ့။ မစားရတဲ့အမဲ သဲနဲ့ပက်တယ်ဆိုတာ ဒါမျိုးကိုပြောတာပါ။

(ပိုင်စိုး)

Leave a Reply

Your email address will not be published. Required fields are marked *