မူဆယ်မြို့၌ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကိုဖျ-က်ဆီး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းမှဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဓာတုဆက်စပ်ပစ္စည်းများအား နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၌ မီးရှို့ဖျ-က်ဆီးခြင်းနှင့် မြေမြှုပ်ဖျ-က်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါးမှု (၁၉) မှု၊ ဓာတုဆက်စပ်ပစ္စည်းအမှု (၁၀) မှုတို့မှ ငွေကျပ် (၁၃၂,၁၃၂,၂၇၄ ဒသမ ၄) တန်ဖိုးရှိ စိတ်ကြွဆေးပြားများ၊ ကတ်တမင်းများ၊ HAPPY WATER များ၊ ဘိန်းဖြူများ၊ ခတ်ခူးများ၊ ဘိန်းဆီခဲများ၊ ဆေးခြောက်များ၊ METHYLAMINE များ၊ THIONYL CHLORIDE များ၊ BENZENE များ၊ အရိုးမီးသွေးများ၊ SODIUM ETHOXIDE များ၊ CAUSTIC SODA များ၊ SODIUM BISULFITE များ၊ POTASSIUM CHLORIDE များ၊ SODIUM CHLORIDE များကိုမီးရှို့ဖျ-က်ဆီးခြင်းနှင့် မြေမြှုပ်ဖျ-က်ဆီးခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင်ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြားကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး မီးရှို့ဖျ-က်ဆီးခြင်းများကိုလည်းဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဓာတုဆေးဝါးတို-က်ဖျ-က်ရေးလုပ်ငန်းစဥ်များကိုလည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်

Leave a Reply

Your email address will not be published. Required fields are marked *