အကြမ်းဖက် PDF တွေဦးစီးမယ့် လောင်းပြည့်ကျွန်းရွှေမျောစီမံကိန်းကို ဒေသခံတွေထပ်မံဆန္ဒပြ ကန့်ကွက်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြိုနယ်က တော်လှန်ရေးတပ်ဖွဲတချို့ဦးစီးလုပ်ကိုင်မယ့် လောင်းပြည့်ကျွန်းရွှေ‌မျောစီမံကိန်းကို နိုဝင်ဘာ ၈ ရက်မှာ ဒေသခံလူထုအင်အား ၂,၀၀၀ ကျော်က တတိယအကြိမ်ဆန္ဒပြ ကန့်ကွက်ခဲ့ကြတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာလည်း ၂ ကြိမ်တိုင်ဆန္ဒပြကန့်ကွက်ခဲ့ပေမယ့် အဲ့ဒီ ရွှေမျောကိုဆက်လက်လည်ပတ်နေပြီး ဒေသခံတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုထားတာကြောင့် တတိယအကြိမ်ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြစဉ်မှာ ပါဝင်ခဲ့သူတဦးက ပြောပါတယ်။

“တတိယအကြိမ် ဆန္ဒပြရတာနဲ့ ပတ်သက်ပြီးပြောရရင် ရွှေမျောတွေ ဆက်လက်တိုးချဲ့ လုပ်ကိုင်နေပြီး ပိတ်တန်းတွေပစ်ကာ မောင်းဖိုပြင်ဆင်နေကြပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ တတိယအကြိမ် ဆန္ဒပြရခြင်း ဖြစ်ပါတယ်။” လို့ ဆန္ဒပြစဉ်မှာပါဝင်ခဲ့သူက ပြောပါတယ်။

News

Leave a Reply

Your email address will not be published. Required fields are marked *