ပဲခူးမြို့၊ ရွှေမော်ဓောဘုရား၊ ယာဉ်ရပ်နားဝန်းအတွင်း၌ နိုဝင်ဘာလ(၆)ရက်နေ့၊ ညနေပိုင်းကမှစ၍ နေ့အရုပ်မီးပုံပျံများ စတင်လွှတ်တင်ပူဇော်လျက်ရှိသည်။
အဆိုပါ နေ့အရုပ်မီးပုံးပျံများအား ညနေ(၄)နာရီမှစ၍ နွား၊ သိန်းငှက်၊ ကြက်၊ ဆင်၊ ငန်း၊ ဘဲ စသည့် နေ့အရုပ်မီးပုံးပျံ(၇)ခုအား လွှတ်တင်ပူဇော်ခဲ့ကြပြီး ညပိုင်းအချိန်တွင် မီးစင်္ကြာလှည့်လည်ပူဇော်ပွဲ၊ တန်ဆောင်တိုင်ဖွင့်ပွဲ၊ မီးပုံးပျံအကြီး၊ အသေးလွှတ်တင်ပူဇော်ခဲ့သည်။
ဆက်လက်ပြီး နိုင်ငံကျော်အဆိုတော်များကလည်း သီဆိုဖျော်ဖြေပေးလျက်ရှိသည်။
PeopleMedia





