မနေ့က နောင်ချိုမြို့မှာ DPLA အဖွဲ့ က အမျိုးသား ၁ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၆ ဦး လက်နက်မဲ့အလင်းဝင်ရောက်လာတယ်လို့ ကြားသိရပါတယ်။
အလင်းဝင်လာတဲ့ အမျိုးသမီးငယ်တွေထဲ အကြီးဆုံးဆိုလို့ အသက် ၂၃ နှစ်၊ အငယ်ဆုံးက အသက် ၁၈ နှစ် အရွယ်ကောင်လေးတွေပါပဲ။
အဲ့ဒီ DPLA အဖွဲ့ဝင်တွေဟာ TNLA ရဲ့နောင်ချိုမြို့သိမ်းတိုက်ပွဲမှာ ရှေ့တန်းကျကျ တိုက်ပွဲဝင်ခဲ့ရပြီး မြို့သိမ်းပြီးနောက်မှာတော့ PDF တွေကိုနေရာမပေး ဖိနှိပ်မှုတွေလုပ်ပြီး သူတို့နယ်မြေတိုးချဲ့ရေးသာလုပ်လာတဲ့အတွက် TNLA နဲ့ PDF တွေအကြားအပ်ကြောင်းရာပေါ်ပြီး အကွဲအပြဲတွေဖြစ်လာပါတယ်။
အဲ့ဒီအကျိုးဆက်ကတော့ အခုလိုမျိုးအသုံးချခံ PDF တွေ နွေဦးတော်လှန်ရေးအမည်ခံ အကြမ်းဖက်လမ်းစဉ်ကိုသဘောပေါက်ပြီး အမြင်မှန်ရပြီး အလင်းဝင်လာခြင်းပဲဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကနေစတင်ပြီး PDF လူငယ်တွေ အလင်းဝင်ရောက်မှုများပြားလာခဲ့ပြီး လစဉ်အစုလိုက်အပြုံလိုက်မိဘရပ်ထံပြန်လာနေကြတာ ၂၀၂၅ ခုနှစ်အောက်တိုဘာလကုန်အထိ အမျိုးသား ၁၀၀၄ဦး၊ အမျိုးသမီး ၁၉၂ဦး စုစုပေါင်း ၁၁၉၆ဦးရှိနေပြီပဲဖြစ်ပါတယ်။
တောထဲမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ အနှိမ်ခံအသုံးချခံဘဝနဲ့ မိဘရင်ခွင်မှာ အေးချမ်းပျော်ရွှင်စွာ နေထိုင်ရတဲ့ဘဝကွာခြားချက်ကို အလင်းဝင်လူငယ်လေးတွေ လက်တွေ့သိမြင်ခံစားနေရပြီပဲဖြစ်ပါတယ်။
