နိုင်ငံတကာထူးခြားသတင်းမှာ –
-မိုက္ကရိုဆော့ ဂူဂဲလ် အဲပဲလ် အမေဇုံ စသည့် သူဌေးများ၏ထည့်ဝင်ငွေ အပါအဝင် ထရန့် ကိုယ်တိုင် ထည့်ဝင်ငွေများဖြင့်ပြုပြင်နေသော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းပြုပြင်နေမှု့ကိူ ဒီမိုကရက် ဟီလာရီကလင်တန် က
” ဒါသူတစ်ဦးတည်းပိုင်မဟုတ်ဘူး အများသဘောတူမှပြင်သင့်တယ် “
ဟုဝေဘန်ခဲ့ရာ ထရန့် က
” ပြင်ပြီးရင် ဒီအခန်းကို မော်နီကာလူဝင်းစကီး ခန်းမ လို့အမည်ပေးလိုက်ပါ့မယ် “
ဟု တုံ့ပြန်ပြောဆိုလိုက်သည်၊ မော်နီကာ သည် ဟီလာရီ၏ခင်ပွန်း သမ္မတ ကလင်တန် နှင့် ဘဲဥ ပုံရုံးခန်း၌ လိင်ဆက်ဆံ ခဲ့သူ အိမ်ဖြူတော်လုပ်အားပေးစာရေးမဖြစ်သည်။
-ရုရှားသည် နူ စွမ်းအင်သုံး ခရုဒုံးပျံသစ် စမ်းသပ်ပစ်လွတ်ခြင်းကို ပူတင်ကိုယ်တိုင်ကြီးကြပ်ခဲ့သည် ၊ ၎င်းဒုံးပျံသည် ၁၅ နာရီကြာပျံသန်းနိုင်ပြီး ကီလိုမီတာ ၁၄၀၀၀ အထိရောက်နိုင်ကာ ဖျက်ချရန်မဖြစ်နိုင်ဟုဆိုသည် ၊ ၎င်းကိုတုန့်ပြန်သောအားဖြင့် ကန် အနုမြူရေငုတ်သင်ဘောတစ်စီး ရုရှားအနီးနေရာယူရန် ထရန့် ကအမိန့်ပေးခဲ့သည်။
-EU မှ ထိမ်းချုပ်ထားသော ရုရှားပိုင် ယူရို ၁၄၀ ဘီလျံကျော်ငွေကိုသုံး၍ ယူကရိမ်းသည် ဆွီဒင်လုပ် ၁ စီးလျှင် ယူရို ၈၅ သန်းတန် Gripen တိုက်လေယာဥ် အစင်း ၁၀၀ မှာယူခဲ့သည်။
-တောင်တရုတ်ပင်လယ်ရှိ ယူအက်စ်အက်စ် နင်းမစ် လေယာဥ်တင်သင်းဘော မှ နာရီဝက်အတွင်း ဆီးဟော့ ရဟတ်ယဥ် ၁ စီး နှင့် FA – 18 ၁ စီးတို့ မတော်တဆမှု့ဖြစ် ပျက်ကျရာ ပိုင်းလော့များ ကယ်ဆယ်နိုင်ခဲ့သည်။
-ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဗင်လိဒ် က ယူကရိမ်းသို့ မိမိတို့အပါအဝင် EU ထောက်ပံ့ငွေ ၁၈၅ ဘီလျံ ကျော်ပြီဖြစ်သော်လည်း အကျိုးမရှိ သောကြောင့် ရုရှားသို့ဘက်ပြောင်းထောက်ခံတော့မည်ဆိုသဖြင့် ဘူဒါပက်၌ လူသိန်းချီဆန္ဒပြနေသည်။
ပြည်တွင်းထူးခြားသတင်းမှာ –
-ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် ၁၃ နှစ်သမီးအား မုဒိမ်းကျင့် လူသတ် အလောင်းဖျောက်ခဲ့သူ PDF အား သေဒဏ်ပေးရန် ပြည်သူအများ ဆန္ဒပြနေကြသည်။
-တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် လယ်ဘ ရွာ PDF စခန်း တပ်ကဝင်ရှင်းပြီး လောင်းလုံမြို့နယ် မောင်းမကန် ရဲစခန်း တိုက်ခိုက်ခံရသည်။
-AA ထိန်းချုပ် မောင်တောမြို့နယ် တင်းချောင်း ရခိုင်ရွာသား ၃ ဦး ARSA ဖမ်းခေါ်သွားရာ ၄ ရက်ကြာပြီဖြစ်ပြီး ထိုအထဲတွင် ၁၀ နှစ်သမီး ၁ ဦးပါဝင်သည်။
-တစ်ဦးချင်း မဲဆွယ်စည်းရုံးစာရိတ် ကို သိန်း ၁၅၀ မှ သိန်း ၃၀၀ သို့ပြောင်းလည်းသပ်မှတ်လိုက်ကြောင်း UEC က ကြေငြာသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် –
-ပုဗ္ဗသီရိမြို့နယ် ဝဲကြီးရွာနေ ထွန်းနိုင်ဦး ၄၈ နှစ်သည် ၎င်း၏ယာတဲ ထုတ်တန်း၌ ကြိုးဆွဲချ သတ်သေသည် ။
