တပ်မတော်အတွက်တစ်ဖက်တစ်လှမ်းက အထောက်အကူရနေတဲ့ ပျိုမေ vlog

ပျိုမေ Vlog အဖွဲ့ကို ဘယ်ကမှန်းမသိပေမယ့် သူတို့ရဲ့ ရိုက်ကူးချက်လေးတွေ စိတ်ကူးစိတ်သန်းလေးတွေကို သဘောကျလို့ ကိုယ်တွေအကောင့်တွေမှာ အမြဲယူတင်ဖြစ်တယ်..

သတိထားမိသလောက်ဆိုရင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁) စပြီးခေါ်တဲ့အချိန်မှာ ဒီအဖွဲ့ပေါ်လာတယ်ထင်တာပဲ..သူတို့ရဲ့ရိုက်ကူးချက်လေးတွေက သဘာဝကျသလို ရှေးရိုးမဆန်ဘူး…

ခေတ်ကာလအနေအထားနဲ့ ကိုက်ညီတဲ့ ရိုက်ကူးတင်ဆက်ချက်လေးတွေဖြစ်တဲ့အတွက် လူငယ်တွေကြားမှာ တော်တော်လေးပျံ့နှံ့တယ်…ထူးခြားချက်အနေနဲ့ဆိုရင် ဒီတစ်ခေါက် အမျိုးသမီးဆေးဗိုလ်လောင်း လာလျှောက်ကြတဲ့သူတွေကို စပ်စုပြီးမေးကြည့်တော့ ပျိုမေ Vlog ကိုကြည့်ပြီး ဗိုလ်လောင်းခေါ်တာတွေ့လို့ လာလျှောက်ကြတာတဲ့…

တပ်မတော်အတွက်အကျိုးပြုတဲ့ ဒီအဖွဲ့လေး ယခုလို အောင်မြင်တာမြင်ရတော့ ဂုဏ်ယူဝမ်းသာပါတယ်…ဆက်လက်ပြီးတော့လည်း ယခုထက်ပိုမိုအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်…

Leave a Reply

Your email address will not be published. Required fields are marked *