ဒီရက်ပိုင်းအတွင်း ကျားဖြန့်တွေ project အသစ်တစ်ခု စမ်းသပ်နေတယ်လို့ သိထားတယ်။ အဲဒီ project က အောင်မြင်ဖို့တော်တော်နီးစပ်နေပြီလို့လည်း သိထားတယ်။-ခု project က ဘယ်လိုလာမလည်းဆိုတော့ 18 + ပုံစံတွေရယ် VPN ပုံစံတွေနဲ့ လာမယ်လို့ သိထားတယ်။ ယခင် E Banking Wave Pay KBZ Pay ပုံစံတွေ၊ ဆုမဲ လက်ဆောင် ကံစမ်းမဲပေါက်တဲ့ပုံစံတွေက တော်တော်များများက သိလာပြီး လုပ်ရကိုင်ရတာထင်သလောက် မရတော့ အခု project အသစ်နဲ့ scram လုပ်ဖို့ကြိုစားနေတယ်လို့ သိထားတယ်။
-ဘယ်လိုပုံစံတွေ လာမလည်းဆိုရင် ဆန့်ကျင့်ဘက် sex ကို Dummy (အသုံးချခံပစ္စည်း) အဖြစ်ထားပြီး ယောက်ျားလေးဆို မိန်းကလေး Dummy နဲ့၊ မိန်းကလေးဆို ယောက်ျားလေး Dummy နဲ့ ဗန်းပြပြီး ဉပမာ 18 + movies/side စတာမျိုးတွေကို ကြည့်ဖို့ဆွယ်တာ 18 + character တှေပါတဲ့ Game မျိုးတွေ ဆော့ဖို့ download link ချပေးတာ ဒါမျိုးတွေနဲ့ လာလိမ့်မယ်။-နောက်တစ်ခုက VPN..မြန်မာနိုင်ငံက မဖြစ်မနေ VPN သုံးရတဲ့အတွက် VPN APK Link ကို download ဖို့ link ပေးတာမျိုးတွေ စတဲ့ပုံစံတွေနဲ့လုပ်ဖို့ ကြိုးစားနေတယ်လို့ သိထားပါတယ်။
-ဒီ Project မှာ သူတို့သုံးမယ့် နည်းပညာပိုင်းက အရင်ကဟာတွေထက်မြင့်မားပြီး ပစ်မှတ်သားကောင်တွေက အဲဒီ link ကို ဝင်လိုက်တာနဲ့ အရင်လို မိမိတို့ရဲ့ ဖုန်းကို fully control လုပ်ဖို့ code တွေ နှစ်ဆင့် သုံးဆင့်ရဖို့ ကြိုးပမ်းနေစရာမလိုဘဲ ပထမဆုံး link ကို ဝင်ပြီးသွားတာနဲ့တင် ပစ်မှတ်ရဲ့ ဖုန်းတွေဟာ နောက်ထပ် ဘာ code မှ ရအောင်လုပ်ဖို့မလိုဘဲ ပထမအဆင့်မှာတင်ဘဲ အပြည့်အဝ ထိန်းချုပ်ခံရမှာဖြစ်ပါတယ်။
-VPN တွေကိုလည်း ကိုယ် Download လုပ်နေကျ play store Apk downloader တွေကနေဘဲ download လုပ်ဖို့ သတိပေးချင်ပါတယ်။ ကိုယ် down နေကျ VPN ဆိုရင်တောင် ပုံစံတူပြီးကွဲလွဲမှု ရှိ/မရှိ သေချာစစ်ဖို့ သတိပေးချင်ပါတယ်။
-ကျားဖြန့်တွေ အခု ကြိုးပမ်းနေတဲ့ project မှာ E banking တွေကိုတောင်အရင်လို OTP တွေ ရယူဖို့မလိုဘဲ အပြည့်အဝ အသုံးချနိုင်အောင် လုပ်နေတယ်လို့လည်း သိထားပါတယ်။ ဒီလို နည်းပညာမျိုးက နည်းနည်းမြင့်တဲ့အတွက် မဖြစ်နိုင်ပါဘူးလို့ တွေးစရာရှိပေမယ့် ကျားဖြန့်တွေဆိုတာ သာမာန် လူ့သဘောသဘာဝနဲ့ အတွေးကိုအသုံးချပြီး လုပ်နေကြတာဖြစ်တဲ့အတွက် ဒီလိုတွေးလိုက်ရင် ကျွန်တော်တို့ ခံသွားရမယ်ဆိုတာ သတိထားဖို့ပြောချင်ပါတယ်။-ဒီအချက်အလက်တွေဟာ ၉၀ ရာခိုင်နှုန်းနီးပါး ခိုင်လုံတဲ့ သတင်းအချက်အလက် ရင်းမြစ်ဆီကနေ ရထားတာမလို့ အားလုံးကို သတိထားဖို့ ထပ်ပြီး အသိပေးပါရစေ….
-မှတ်ချက်။ Online ပေါ်က ကျားဖြန့်ရော၊ Online မဟုတ်တဲ့ ကျားဖြန့်တွေရောက အရမ်းအန္တရာယ်များတဲ့အတွက် လူများများ သိနိုင်သမျှ သိအောင် မျှဝေပေးကြဖို့ ဖြန့်ဝေပေးကြဖို့တောင်းဆိုပါတယ်…..- (ကျားဖြန့်သတိပေး)
