KIA / PDF များက  ဗန်းမောက်မြို့ရှိ ဌာနဆိုင်ရာအဆောက်အအုံများနှင့်နေအိမ်များအား မီးရှို့ဖျက်ဆီး

အောက်တိုဘာလ ၂၇KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက် သောင်း ကျန်းသူများအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအစောပိုင်းမှစ၍စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှိ တပ်မတော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့်တပ်/စခန်းများအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်၍ အဆိုပါဒေသအတွင်းရှိ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူးမြို့နှင့် မရသိမ်ကျေးရွာအပါအဝင်အချို့မြို့/ရွာများတွင် ဝင်ရောက်နေရာယူကာ စာသင်ကျောင်းများ၊ ကျေးရွာဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီများတွင် အခြေပြု၍ အကြမ်းဖက်လုပ်ရပ်များ လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင်  ဒေသခံပြည်သူများအား ၎င်းတို့အပေါ်အကြောက်တရား လွှမ်းမိုးစေရန်အတွက် အ ကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ဆက်ကြေးကောက်ခံခြင်း၊ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော လမ်း/တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် တပ် မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများ ဆောင်ရွက်၍နယ်မြေခံလုံခြုံ ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDFအမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် အင်အားအလုံးအရင်းဖြင့်မြို့လုံခြုံရေးဆောင် ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့အား ထောက်ခံအားပေးမှု မရှိသည့် ဒေသခံပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လူသစ်စုဆောင်းခြင်းများအပါအဝင် အကြမ်းဖက်လုပ်ရပ်မျိုးစုံကိုလုပ် ဆောင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် ဗန်းမောက်မြို့အား ပြန်လည်သိမ်းပိုက်ရရှိရေးအပါအဝင် အခြားလိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကိုဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ တပ်မတော်စစ်ကြောင်းများက ဗန်းမောက်မြို့ အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို စနစ်တကျ စုဖွဲ့ချီတက်ရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိရာအောက်တို ဘာ ၂၆ ရက်တွင် ဗန်းမောက်မြို့၏အနောက်ဘက်နှင့် အနောက်မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် KIAအကြမ်း ဖက်သောင်းကျန်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဗန်းမောက်မြို့အတွင်းရှိ ပြည်သူပိုင်နေအိမ်အဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးနေကြောင်း မျက်မြင်တွေ့ရှိရကြောင်း သိရသည်။▪️ထို့ကြောင့် အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့သည့် ဗန်းမောက်မြို့အတွင်းရှိအဆောက် အအုံများအား မီးအမြန်ဆုံးငြှိမ်းသတ်နိုင်ရေး အ ခြားသောဗန်းမောက်မြို့နေ ပြည်သူလူထု၏ အ ဆောက်အအုံများ မီးကူးစက်မှုမရှိစေရေး၊ထပ်မံ၍ အခြားအကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှု မရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများက ရင်ဆိုင်တိုက်ခိုက်လျက်ရှိသည့် လက်ကျန်အကြမ်း ဖက်သောင်းကျန်းသူများအား အမြန်ဆုံးလက်စတုံး တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်းသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *