ကလပ်သွင်းဂိုး ၄၀၀ ပြည့်မြောက်ခဲ့တဲ့ ဟာရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဟာ ကစားသမားဘ၀ ကလပ်သွင်းဂိုး ၄၀၀ ပြည့်မြောက်ခဲ့
ပါတယ်။

ဟာရီကိန်းအနေနဲ့ ဒေါ့မွန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ပထမဂိုးကို ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းပြီး
ဒီမှတ်တမ်း ရရှိခဲ့တာပါ။

၎င်းဟာ အခုရာသီမှာ ကလပ်နဲ့ တိုင်းပြည်အတွက် ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၂၁ ဂိုး သွင်းထားပါတယ်။

ဟာရီကိန်းဟာ ပရိုကစားသမားဘ၀ ၁၄ နှစ် ၁၁ လအကြာမှာ ဒီမှတ်တမ်း ရရှိခဲ့တာဖြစ်တယ်။

ဟာရီကိန်း(၃၂ နှစ်)အနေနဲ့ အခုရာသီမှာ ပျမ်းမျှ ၅၂ မိနစ်တိုင်း တစ်ဂိုး သွင်းယူထားပါတယ်။

၂၀၂၃ ခုနှစ် နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းလာပြီးကတည်းက ပြိုင်ပွဲစုံ ၁၀၇ ပွဲမှာ ၁၀၄ ဂိုး သွင်းခဲ့ပါတယ်။

စပါးအသင်းအတွက် ဂိုး ၂၈၀၊
အငှားသွားကစားတဲ့ ကလပ်တွေအတွက် ၁၆ ဂိုး သွင်းယူခဲ့တာ
ဖြစ်ပါတယ်။

Crd//eleven Photos: Harry Kane Facebook

Leave a Reply

Your email address will not be published. Required fields are marked *