ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့်အစည်းအဝေးတက်ရောက်နေသော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် အစည်းအဝေးတက်ရောက်လာသည့် နိုင်ငံ(၇)ခုမှ နိုင်ငံခြားရေးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။
မိုဇမ်ဘစ်နိုင်ငံခြားရေးဝန်ကြီး H.E. Maria Manuela Lucas ၊ အီရန်နိုင်ငံခြားရေးဝန်ကြီး H.E. Abbas Araghchi ၊ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး H.E. Maxim RYZHENKOV၊ ကျူးဘားနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bruno Rodríguez Parrilla၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် H.E. Md. Touhid Hossain ၊ အီတလီနိုင်ငံဆိုင်ရာ နီကာရာဂွါ သံအမတ်ကြီး H.E. Mrs. Monica Robelo Raffone ၊ ယူဂန်ဒါသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Gen. Odongo Jeje Abubakhar တို့နှင့်တွေ့ဆုံခဲ့ပါတယ်။
News



