အောက်တိုဘာ ၁၁၊၂၀၂၅ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်၊၅၄ဘီလမ်း၊၁၂၃နှင့်၁၂၄လမ်းကြားရှိနေအိမ်တစ်အိမ်တွင်အောက်တိုဘာလ၁၁ရက်ညနေ၃း၃၀နာရီအချိန်ကပေါက်ကွဲမှုဖြစ်ကြောင်းသိရသည်။
ပန်းရံလုပ်သားဖိုးလပြည့်သည်နောင်ချိုမြို့နယ်ဆေးရုံတွင်သန့်ရှင်းရေးလုပ်ပြီးဆေးရုံမှစွန့်ပစ်ပစ္စည်း သံတိုသံစများယူလာခဲ့သည်။အိမ်ပြန်အရောက်တွင်သယ်ယူလာသောစွန့်ပစ်ပစ္စည်းများကို အိမ်တွင်နေသူဝင်းနိုင်ဦးကထုတ်ယူကြည့်စဥ်သံလုံး၌ကြိုးတပ်ထားသည်ကိုတွေ့သဖြင့်တရုတ်လက်ပစ်ဗုံးမှန်းမသိပဲကြိုးကိုဆွဲကြည့်ရာမီးခိုးများထွက်လာသဖြင့် ရေချိုးခန်းဖက်လွှင့်ပစ်ခဲ့ရာ ရေချိုးနေသောဇနီးနှင့်သမီးတို့တွင်ဗုံးစထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)ရပြီး ဝင်းနိုင်ဦးတွင်မစိုးရိမ်ရဒဏ်ရာများရခဲ့ကြောင်းသိရသည်။
