အောက်တိုဘာလ ၈ ရက် တိုက်ပွဲသတင်းပေါင်းချုပ်

ကွန်ဟိန်း (ရှမ်းပြည် တောင်ပိုင်း)
မသင်္ကာဖွယ်ရာ ယာဉ် ၁ စီးသည် ဆိုင်းမွန်စခန်းအနီး ခိုလမ်မြို့မှ ကွန်ဟိန်းမြို့သို့ ဦးတည်ရပ်တန့်ထားသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ မောင်းသူမဲ့ VIGO (လိုင်စင်မဲ့) ယာဉ်အတွင်းမှ-
-အမ်(၄) ၁ လက်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ ကျည်မျိုးစုံ ၂၅၀၀ တောင့်၊ မှန်ပြောင်း ၁ လက်၊ ဓာတ်မီး ၁ လက် သိမ်းဆည်းရမိခဲ့။

ဝေါလေ (ကရင်ပြည်နယ် မြဝတီခရိုင်)
ဝေါလေစခန်း၌ လုံခြုံရေးဆောင်ရွက်ရာမှ စခန်းဝန်ကျင်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် KNLA တမဟ (၆)၊ ရင်း (၂၇) နှင့် အကြမ်းဖက်သူအင်အား ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရန်သူ့နေရာအား သိမ်းပိုက် ရရှိခဲ့။
တိုက်မိုင်း ၂ လုံး၊ တဲ ၁၀ လုံး၊ ပစ်ကျင်း ၁၀ ကျင်း ရရှိခဲ့။

ရွှေဘို(စစ်ကိုင်းတိုင်း)
ရွှေဘိုမြို့အနောက်မြောက်ဘက် ရွာတော်ကျေးရွာအနီး နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်အင်အား ၁၀ ဦးခန့်အား တွေ့ရှိသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့။
-ရန်သူ့အလောင်း ၂ လောင်း၊ ကာဘိုင် ၁ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၃ လုံးသိမ်းဆည်းရမိခဲ့။

ဂန့်ဂေါ(မကွေးတိုင်း)
ဂန့်ဂေါမြို့၏ အနောက်မြောက်ဘက် စိုင်ဒူးကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ အကြမ်းဖက်သူအင်အား ၄၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။
-ရန်သူ့အလောင်း ၁ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၈၅ တောင့် သိမ်းဆည်းရမိခဲ့။

စစ်ကိုင်း
စစ်ကိုင်းမြို့နယ်၊ ရှိန်းမကား စခန်း၏ တောင်ဘက် တပ်ကျေးရွာ(အထက်) အနီး နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သူ အင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။
ရန်သူ့အလောင်း ၂ လောင်း၊ အမ်(၂၂) ၁ လက်၊ လက်လုပ် ၄၀ မမ ၁ လက်၊ ကျည် ၁၅ တောင့်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့။

ကျောက်မြောင်း(စစ်ကိုင်းတိုင်း)
ကျောက်မြောင်းမြို့နယ် မခေါက်ပြည်သူ့စစ်စခန်း၌ လုံခြုံရေးဆောင်ရွက်လျက်ရှိရာမှ စခန်းအနောက်တောင်ဘက်၌ မီးရောင်တွေ့ရှိသဖြင့် သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက် ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာသွားခဲ့။
အကြမ်းဖက် ၂ လောင်း၊ လက်နက် ၂ လက်၊ ကျည် ၅၆ တောင့်၊ ကျည်အိမ် ၂ ခု သိမ်းဆည်းရမိခဲ့။

မတ္တရာ(မန္တလေးတိုင်း)
မတ္တရာမြို့နယ် ရေချောင်းဘိုကျေးရွာအနီး နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ အကြမ်းဖက်အင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဆုတ်ခွာထွက်ပြေးသွားခဲ့။
လက်နက် ၃ လက်၊ ကျည် ၉၀ တောင့်၊ ကျည်အိမ် ၃ ခု သိမ်းဆည်းရမိခဲ့။

သပိတ်ကျင်း(မန္တလေးတိုင်း)
သပိတ်ကျင်းမြို့၏ တောင်ဘက် ချမ်းသာ(၇) မိုင် ကျေးရွာအနီး နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သူများ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း(ဟောင်း) ၁ လုံးကို တပ်မိပေါက်ကွဲခဲ့ပြီး ရန်သူ့နေရာအား ဖော်ထုတ်ရှင်းလင်းခဲ့။
-လက်လုပ်စိန်ပြောင်း ၁ လက်၊ မိုင်းမျိုးစုံ ၂၇ လုံး၊ သဲအိတ်ဘန်ကာ ၂ လုံး၊ ဆက်သွယ်ရေးမြောင်း ၆၀ ပေ သိမ်းဆည်းရမိခဲ့။

ညောင်လေးပင်(ပဲခူးတိုင်း)
ညောင်လေးပင်မြို့၏ အရှေ့ဘက် ကွင်းဒလကြီးကျေးရွားအား နယ်မြေရှင်းလင်းစဉ် နေရာ ၃ နေရာမှ အကြမ်းဖက် ၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာသွားခဲ့။
-အကြမ်းဖက်အလောင်း ၂ လောင်း၊ ဘီအေ(၆၃) ၁ လက် သိမ်းဆည်းရမိခဲ့။

ဖြစ်စဉ်အလိုက်ပုံများရရှိပါက ထပ်မံတင်ပေးသွားပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *