မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့အရှေ့ဘက်ရှိ စုပေါင်းစစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းက ဘန်ကောက်ကနေလာတဲ့ ကားတစီးကို စစ်ဆေးရာမှာ ကားပေါ်မှာ ပါလာတဲ့ ကျည်ဆန်တွေကို စစ်ဆေးတွေ့ရှိလို့ သိမ်းဆည်းလိုက်ပါတယ်။
သိမ်းဆည်းရမိတဲ့ ကျည်ဆန်တွေထဲမှာ ၈၁ ကျည် အလုံး ၄၀ ၊ RPG ကျည် ၂၄ လုံး၊ RPG ပို့ယမ်းတောင့် ၂၄ တောင့်နဲ့ ၅ ဒသမ ၅၆ ကျည် အလုံး ၁,၅၀၀ လုံးကျော်ပါဝင်ပြီး မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ့် တရားမဝင်းလက်နက်ကျည်တွေ ဖြစ်ပါတယ်။
အဆိုပါလက်နက်ကျည်တွေကို ထိုင်းစစ်တပ်က စစ်ဆေးပြီးရင် ကျည်သယ်ဆောင်သူ ယာဥ်မောင်း တယောက်နဲ့ ကားပေါ် လိုက်ပါလာသူ တယောက်ကို ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။
(VOS)




