၂၀၂၅-၂၆ ပရီးမီးယားလိဂ်ဘောလုံးရာသီ ချန်ပီယံရေပန်းစားမှုမှာ အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်-၆ မတိုင်ခင်က အဆင့်၄ လေးသာ ရှိနေရာက ဇယားထိပ်ဆုံးမှာရှိတဲ့ လီဗာပူးလ်အသင်း ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ရပြီးနောက် အဆင့်တစ်နေရာကို တက်လှမ်းလာခဲ့တာဖြစ်တယ်။
William Hill က နောက်ဆုံးထုတ်ပြန်ထားတဲ့ ချန်ပီယံအလေးပေးချက်မှာ အာဆင်နယ်အသင်းက ၅း၄ လေးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
လီဗာပူးလ်အသင်းက ရး၄ လေးကို ကျဆင်းသွားပြီး မန်စီးတီးအသင်းကတော့ ၉း၂ လေးနဲ့ တတိယနေရာမှာ ရှိနေပါတယ်။
ပရီးမီးယားလိဂ်ရာသီ မစတင်ခင် ချန်ပီယံအလေးပေးချက်မှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့က ဒုတိယ၊ တတိယနေရာများမှာ ရှိခဲ့ပါတယ်။
Photos: Arsenal
crd// eleven
