အောက်တိုဘာ ၁ ရက် ဗုဒ္ဓဟူးနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-ထရန့် နှင့် နေတန်ယာဟု တို့သဘောတူထားသော အချက် ၂၀ ပါ ဂါဇာကိစ္စအစီအစဥ်တွင် ဂါဇာမှဒေသခံများထွက်ခွာရန်မလိုဘဲ ၇၂ နာရီအတွင်း ဓါးစာခံအားလုံးပြန်လွှတ်က ချက်ခြင်းအပစ်ရပ်မည်ဟုပါရှိ၍ ပါလက်စတိုင်းတို့စိတ်ဝင်စားနေသည်။

-ဖိလစ်ပိုင် ဘိုဟိုးပြည်နယ် ကာလာပေမြို့ ပြင်းအား ၇ ရှိငလျင်လှုပ်ရာ အပျက်အဆီးများဖြစ်ပေါ်ပြီး အသေအပျောက်မသိရသေးပေ။

-ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသရှိ ရခိုင်ကျေးရွာမှ ၈ တန်းကျောင်းသူကို ကုလား ၃ ဦးမုဒိမ်းကျင့်ရာ အရေးယူပေးရန်ရွာသားများကတောင်းဆိုစဥ် လူအုပ်စုလိုက်ရောက်လာပြီးမီးရှို့သဖြင့် ရွာလုံးကျွတ်ထွက်ပြေးရသည်။

-ကုလ ၌ NUG ကိုယ်စားလှယ်ကျော်မိုးထွန်းက မြန်မာအစိုးရသည် အနုမြူလက်နက်ထုတ်လုပ်ရန် ကြံစည်နေသည်ဟု ပြောကြားခဲ့သည်။

-တရုတ်နိုင်ငံ ကျန်ကျီးပြည်နယ် ဝမ်ကျိုး တရားရုံးက ထောင်ထဲတွင်မိမိကိုယ်ကိုသတ်သေခဲ့သော ကိုးကန့် မြီရှောက်ချန်း ၏ သား မြေး များ အပါအဝင် ၁၁ ဦးကိုသေဒဏ် ၊ ၅ ဦးကို ၂ နှစ်ဆိုင်းငံ့သေဒဏ် ၊ ၂၈ ဦးကို ၅ နှစ်မှ တသက်တကျွန်းအထိပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

ပြည်တွင်းထူးခြားသတင်းများ

-ပလက်ဝ AA စခန်း ၊ မြိုင် အညာမြေတပ်ပေါင်းစုစခန်း ၊ ကန်ဘိုက်တီး နှင့် ဆဒုံး ရှိ KIA စခန်း ၊ ကရင်ပြည်နယ် မင်းလက်ပံ ၊ မယ်ထော်သလေး ၊ ဖလူး ရှိ KNU စခန်း ၊ ရေဦးမြို့နယ် ဖန်ခါးစဥ်ရွာ PDF စခန်းများ ဗုံးကြဲရှင်းလင်းခံရသည်။

-ဝမ်းတွင်းမြို့နယ် နဘဲပင်ရွာအနီး ယာတဲတွင်အိပ်ပျော်နေသော PDF ၅ ဦး လက်နက်ငယ် ၅ လက်ဖြင့် အရှင်မိသည်။

-ပြင်ဦးလွင် ၈ ထပ်ရေတံခွန်မှ လူ ၅ ဦးပြုတ်ကျရာ မ ၂ ဦးသေပြီး ရုရှားနိုင်ငံသား ခြေကျိုးသည်။

-ဗန်းမော်မှ စစ်ရှောင်လာသူ အိမ်ထောင်စု ၁၈၀၀ လူဦးရေ ၁၀၀၀၀ ကျော်သည် ဘုန်းကြီးကျောင်း ၃၃ ကျောင်း၌ ခိုလှုံနေသည်မှာ ၁ နှစ်ကျော်လာပြီး အထောက်အပံ့ ၁ ကြိမ်သာရဘူးကြောင်း သိရသည်။

-ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်အမှတ် ၁၀၁/၂၀၂၅ ဖြင့် ၊ ဝန်ထမ်းအားလုံး ၃၀၀၀၀ ကျပ်စီထောက်ပံ့ကြေးတိုးခြင်း ၊ နေ့စား ကျပ် ၆၈၀၀ မှ ၇၈၀၀ သို့တိုးခြင်း ၊ ပင်စင်စားအားလုံး ၃၀၀၀၀ ကျပ်တိုးခြင်း တို့ အောက် ၁ ရက်မှ စတင်ခံစားရမည်ဟု ကြေငြာသည်။

ပြည်ထောင်စုနယ်မြေ

-ဇေယျာသီရိမြို့နယ် ပြည်စံအောင်စျေးအနီး လင်မယားရန်ဖြစ်ရာမှ မယား ကို ဒါးဖြင့်ခုတ် ၊ ရဲ တိုင် ၊ ရဲရောက်လာရာ ရဲကိုဆက်ခုတ် ၊ ရဲ ၂ ဦးသေနပ်ချထွက်ပြေး ၊ ရဲထံမှရသော G -3 ဖြင့် လိုက်ပစ် မထိ ၊ ရဲ စစ်ကူရောက်လာ ပစ်ဖမ်း ခါးမှန်ဒဏ်ရာဖြင့် ဆေးရုံ၌ဖမ်းဆီးထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *