အကြမ်းဖက် စခန်းတစ်ခုအား သိမ်းပိုက်ရရှိ

တနင်္သာရီမြို့နယ်၊ သိန်းခွန်ရွာအနီးတွင် အကြမ်းဖက်စခန်းရှိကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ စက်တင်ဘာ ၂၉ ရက်နေ့တွင် သိန်းခွန်ရွာ၏ အရှေ့တောင်ဘက်နေရာတွင် နယ်မြေရှင်းလင်းရာ အကြမ်းဖက် PDF စခန်းတစ်ခုအား တွေ့ရှိပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –

(၁) အကြမ်းဖက် PDF ၂ လောင်း(၂) သေနတ် ၁ လက်(၃) ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး(၄) မိုင်းမျိုးစုံ ၁၄ လုံး(၅) မြေခွေးကျင်း ၃၈ ကျင်း(၆) ပစ်ကျင်း ၂၇ ကျင်း(၇) ကွန်ကရစ်ဘန်ကာ ၁၆ လုံး(၈) သစ်လုံးဘန်ကာ ၁၀ လုံးတို့အား သိမ်းပိုက်ရရှိခဲ့သည်။

-အကြမ်းဖက်သမားများအတွက် ပြေးစရာမြေမရှိစေရ။

Leave a Reply

Your email address will not be published. Required fields are marked *