ဗန်းမော်ရှိ ရန်သူအခြေပြုနေရာများအား သိမ်းပိုက်ရရှိ

ဩဂုတ်လ ၄ ရက်နေ့မှစတင်၍ ဗန်းမော်မြို့ နေရာအနှံ့အား နယ်မြေစတင်ရှင်းလင်းပြီဖြစ်ကြောင်း သိရှိရသည်။

ဗန်းမော်တက္ကသိုလ်အနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိကာ ရန်သူ့ထံမှ-
(၁) အကြမ်းဖက် KIA/PDF ၂ လောင်း
(၂) သေနတ် ၂ လက်

  • AK သေနတ် ၁ လက်
  • M-22 သေနတ် ၁ လက်
    (၃) ကျည်အိမ်/ ကျည်ဆန်များ
    (၄) လက်ပစ်ဗုံး/ မိုင်းများ သိမ်းပိုက်ရရှိခဲ့သည်။

အလားတူ ဗန်းမော်မြို့၊ မင်းကျောင်းကုန်းရပ်ကွက်အတွင်း နယ်မြေရှင်းလင်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူအခြေပြုနေရာ ၆ ခုအား သိမ်းပိုက်ရရှိကာ စစ်သည် ၁ ဦး ကျဆုံး၍ ရန်သူ့ထံမှ-
(၁) အကြမ်းဖက် KIA/PDF ၆ လောင်း
(၂) လက်နက်မျိုးစုံ ၄ လက်

  • AK သေနတ် ၁ လက်
  • ၄၀ မမ ၁ လက်
  • ဘီဇူကာ ၁ လက်
  • MA-1 သေနတ် ၁ လက်
    (၃) ကျည်အိမ် ၁၉ ခု၊ ကျည် ၂၀၀၀ ခန့်
    (၄) လက်ပစ်ဗုံး/ မိုင်းများ
    (၅) ပစ်ကျင်း/ ဘန်ကာများ သိမ်းပိုက်ရရှိခဲ့သည်။

ဗန်းမော်မြို့၊ မင်းလှရပ်ကွက်အတွင်း နယ်မြေရှင်းလင်းစဉ် ထိတွေ့မှုအနည်းငယ်ဖြစ်ပြီး ရန်သူအခြေပြုနေရာ ၂ ခုအား သိမ်းပိုက်ရရှိကာ စစ်သည် ၁ ဦး ဒဏ်ရာရရှိ၍ ရန်သူ့ထံမှ-
(၁) အကြမ်းဖက် KIA/PDF ၂ လောင်း
(၂) ဘီဇူကာ ၁ လက်
(၃) ဘီဇူကာဗုံးသီး ၆ လုံး
(၄) ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။

Congratulations ပါ မင်းခေါင်စစ်ကြောင်းမှ သူရဲကောင်းများ 🏆🏆🏆

(ပုံများ မကြာမီ ဖော်ပြပေးပါမည်)

Leave a Reply

Your email address will not be published. Required fields are marked *