မနေ့က တပ်မတော်(လေ)ရဲ့ တပ်တော်ဝင် အခမ်းအနားမှာ ရဟတ်ယာဉ် ၃ စီး ၊ သယ်ယူပို့ဆောင်ရေးယာဉ် ၂ စီး အားပြန်ဖြည့်ခဲ့တယ်။
ရဟတ်ယာဉ် ၃ စီးကလည်း MI 17 တွေထက် တဆင့်မြင့်လာတဲ့ MI 38 တွေ ဖြစ်လာသလို စွမ်းရည်ပြတဲ့ Fighter တွေနေရာမှာလည်း SU 30 SME တွေက နေရာယူလာတာ တွေ့ရတယ်။
SU 30 SME တွေ က ရေရှည်မှာ Mig 29 ထက် အုပ်လိုက် ဖြစ်လာဖို့ ရှိသလို စွမ်းဆောင်ရည်မြင့်တဲ့ MI 38 တွေကို ဒီထက် များများ ဖြည့်တင်းနိုင်ရင် စစ်ကစားတဲ့နေရာမှာ ပို အကျိုးရှိလာနိုင်ဖွယ်ရှိတယ်။ လက်နက်ခဲယမ်းအပါ အယောက် ၃၀ လောက် တင်နိုင်ရင် ချင်းပြည်လိုမျိုးနေရာတွေမှာ အသာလေး Drop လုပ်သွားနိုင်ပြီ။ တပ်ရင်း တရင်းစာလောက်ကို ရုတ်ချည်း နေရာချတာမျိုး လုပ်ဆောင်နိုင်တဲ့ အခင်းအကျင်းမျိုး ပိုင်ဆိုင်သွားနိုင်ပြီ။
ဘာပဲဖြစ်ဖြစ် လာမယ့် ဒီဇင်ဘာ တပ်မတော် (ရေ) မှာလည်း တစ်ခုခုတော့ ချပြလိမ့်ဦးမယ် မျှော်လင့်မိတယ်။ ဒေသတွင်းမှာ ကိုယ်ပိုင်ထုတ် ဖရီးဂိတ်တွေနဲ့ ခပ်စွာစွာ ရှိနေတဲ့ တပ်မတော် (ရေ )ကလည်း ဘာတွေထူးခြားမှု ရှိလာနိုင်မလဲပေါ့လေ။
(နရီမိုး)
