လက်ရှိကျောက်မဲမြို့တွင်းကနေ ကြားသိနေရတဲ့သတင်းတွေကတော့ ကျောက်မဲမြို့ပေါ်ရပ်ကွက်တွေ၊ လမ်းတွေမှာထောင်ထားတဲ့ TNLA အလံတွေကို ပလောင်အကြမ်းဖက်သောင်းကျန်းသူတွေဟာ ဖြုတ်ချလိုက်ပါပြီ။
ထို့အတူ မြို့ပေါ်ရပ်ကွက်တွေထဲမှာတပ်စွဲထားတဲ့ ပလောင်အကြမ်းဖက်သမားတွေဟာ မြို့ပေါ်မှာ မတွေ့ရတော့ဘူးလို့ ဒေသခံတွေက ပြောဆိုနေပါတယ်။နောက်တစ်ခုထပ်ကြားနေတာကတော့ ကျောက်မဲစစ်မြေပြင်မှာ ခံစစ်ဆင်နေတဲ့ မြေပြင်က ပလောင်အကြမ်းဖက်ငယ်သားတွေနဲ့ ကျည်လွတ်မြေကနေ အမိန့်ပေးနေတဲ့ အကြီးအကဲတွေကြား ပွတ်တိုက်မှုတွေရှိနေပါတယ်။
မြန်မာ့တပ်မတော်ရဲ့ မာကျောတဲ့ထိုးစစ်ဆင်မှု၊ ပြင်းထန်တဲ့ လက်နက်ကြီးပစ်ခတ်မှု၊ တိကျတဲ့ဒရုံးစစ်ဆင်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုကြီးတွေကြောင့် စစ်မြေပြင်မှာ ထိခိုက်သေဆုံးတဲ့ အောက်ခြေအဆင့်ပလောင်အကြမ်းဖက်သမားတွေရဲ့ အလောင်းတွေဟာ မြင်မကောင်းလောက်အောင်ကိုဖြစ်နေပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ကျည်လွတ်မြေကနေ ကျောက်မဲစစ်မြေပြင်မှာ ရှုံးမယ်ဆိုတာ သိသိကြီးနဲ့ အတင်းအကြပ်ခံစစ်ဆင်ခိုင်းနေတဲ့ ပလောင်အကြီးအကဲတွေကိုစစ်မြေပြင်က အောက်ခြေအဆင့်ငယ်သားတွေဟာ အယုံကြည်မဲ့လာတာဟာသဘာဝပါ။ဒါကြောင့်လည်း မြန်မာ့တပ်မတော်ရဲ့ ကျောက်မဲမြို့သိမ်းတိုက်ပွဲအတွက် ဆက်လက်တိုက်ခိုက်လာမဲ့ တိုက်ပွဲကြီးများအပေါ် ဆက်လက်တိုက်ခိုက်လိုစိတ်မရှိတော့ဘူးဆိုပြီး ဒေသတွင်းသတင်းတွေထွက်ပေါ်လာနေတာပါ။
ဒီသတင်းတွေသာမှန်ကန်နေတယ်ဆိုရင်တော့ ပလောင်အကြမ်းဖက်အကြီးအကဲတွေအတွက်တော့ ခေါင်းရှုပ်စရာပါ။အနေအထားတွေကတော့ နောင်ချိုမှာ စစ်ရှုံးခဲ့တဲ့ပလောင်တွေဟာ ကျောက်မဲမှာ စစ်ပြေးရတဲ့ဘဝအထိရောက်သွားပါလိမ့်မယ်။
ကိုခိုင်ဇော်28-09-2025
