နိုင်ငံတကာထူးခြားသတင်းများ
-ထရန့်သည် အာရပ်ခေါင်းဆောင်အချို့နှင့်ဆွေးနွေးပြီးနောက် အစ္စရေးအတွက်အာမခံချက်ရှိသော ၂၁ ချက်ပါ ဂါဇာဆိုင်ရာငြိမ်းချမ်းရေး သဘောတူညီချက် အောင်မြင်ရန်နီးစပ်လာပြီဟု ထရန့်၏ အရှေ့အလယ်ပိုင်းအထူးသံ ရက်စ်စကော့ က ပြောသည် ။
-ဒါးလက်မြို့ ရွှေ့ပြောင်းဝင်ရောက်လာသူများ ထိမ်းသိမ်းရေးစင်တာရှိ ICE ဝန်ထမ်းများကို စနိုက်ပါဖြင့်ပစ်ခတ်ရာ ဝန်ထမ်းများမထိဘဲ ထိမ်းသိမ်းခံထားရသူ ၁ ဦးသေ ၂ ဦးဒဏ်ရာပြင်းထန်ကာ ပစ်ခတ်သူ မိမိကိုယ်ကိုသတ်သေသည်။
-ဂျာမနီလွှတ်တော်တွင် Green Party မှ လွှတ်တော်အမတ် ဟန်နာ ( ၂၃ နှစ်) သည် နို့စို့အရွယ် လသားကလေးကို ချီပိုး၍ ဘတ်ဂျက်မူဝါဒဆိုင်ရာ ကိစ္စဆွေးနွေးခဲ့သဖြင့် ဂျာမန်မီဒီယာများ၌ ချီးကြူးဖော်ပြနေသည်။
-တောင်ကိုးရီးယားရောက်နိုင်ငံခြားသားလုပ်သားများကိုသွေးစစ်ရာ ၂၆၁ ဦး၌ HIV ဖြစ်နေပြီး ၎င်း၌ မြန်မာ ၁၅ ဦးပါဝင်သည်၊ ကိုးရီးယား၌မြန်မာလုပ်သား ၈ သောင်းကျော်ရှိသည်။
ပြည်တွင်းထူးခြားသတင်းများ
-ကျောက်မဲ နှင့် သီပေါတွင် ဗုံးကြဲရန်သတင်းပေးသည့် စရဖ ဟုစွတ်စွဲပြီး ဗမာ ကျား ၉ မ ၁ ကို ပလောင်သူပုန်ဖမ်းဆီးနှိပ်စက်နေပြီး တအန်းပြည် ဥပဒေဖြင့် စီရင်မည်ဟုဆိုသည်။
-PDF ၄ ဦး လက်နက်များနှင့်အတူ ကရခ ၌ အလင်းဝင်သည်။
-ဗန်းမော်မြို့၌ KIA ထိုးစစ်ကိုရိုက်ချိုးနိုင်ခဲ့သော စကခ ၂၁ တပ်မမှုး ဗိုလ်မှူးချုပ်တင်မင်းလတ် လပခ တိုင်းမှူးရာထူးတိုးခဲ့သည်။
-လေးကေကော်ဝန်းကျင် စစ်ကြောင်း ၅ ကြောင်းထိုးရှင်းလင်းနေရာ BGF တပ်ဖွဲ့များ မိမိတပ်မတော်နှင့်ပူးပေါင်းတိုက်ပွဲဝင်နေသည်။
-ပေါက်မြို့ အနောက်မြောက်ခြမ်း PDF စခန်း တပ်မှသိမ်းပိုက်မိပြီး ၄ လောင်း ၈ လက် ၊ ကျည်များနှင့်လက်ပစ်ဗုံး ၁၆ လုံး ၊ RPG ၃ လုံး နှင့် မိုင်းများ ၊ ရိက္ခာတဲ ၊ လူနေတဲများမီးရှို့ခဲ့သည်။
-ငွေကျပ် ၂၉ ဘီလျံရှိ စိတ်ကြွဆေး ၉၉၇ ကီလို ရခိုင်လူမျိုး ကျော်သိန်းဦး ပါ ၆ ဦး ၊ စက်လှေ ၂ စီး နှင့်အတူ ရန်ကုန်မြစ်ဝ ၌ ဖမ်းမိသည်။
-KNU ကွယ်ထူးဝင်းနှင့် ၁၃ ဦး ၊ AA နှင့် ချင်းလန်းကောင်စီမှ ၁၇ ဦး ၊ ခေတ်သစ်မီဒီယာမှတာဝန်ရှိသူများကို ရွေးကော်ဥပဒေဖြင့် အမှု့ဖွင့်သည်။
-မွန်ပြည်နယ် လမိုင်းမြို့၌ မိုးစွာသွန်းနေစဥ် ဘော်လုံးကန်နေသော ကျောင်းသားများ ဘုန်းကြီးကျောင်းအုပ်တံတိုင်းပြိုကျ ပိမိ၍ အသက် ၁၂/၁၃ အရွယ် ကျောင်းသား ၃ ဦးသေ ၄ ဦးဒဏ်ရာရသည်။
