နိုင်ငံတကာထူးခြားသတင်းမှာ –
-ဘရပ်ဆဲလ် တွင်ကျင်းပနေေသာ ထိတ်သီးအစည်းဝေး၌ ထရန့်၏ဖိအားပေးမှု့ကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံများအားလုံးသည် လာမည့် ၅ နှစ်ဆက်တိုက် တိုင်းပြည် GDP ၏ ၅ % ကို ကာကွယ်ရေးအသုံးစာရိတ်အဖြစ်သပ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြသည် ။
-ဂါဇာတွင်အစ္စရေးတင့်ကားတစ်စီးမိုင်းထိရာအထဲရှိ စစ်သား ၇ ဦးလုံးသေဆုံးပြီး ရိက္ခာယူရန်စောင့်နေသူပါလက်စတိုင်းတို့ပစ်ခတ်ခံရ၍ ၄၆ ဦးသေဆုံးခဲ့ရာ ရိက္ခာဝေစဥ်အစ္စရေးပစ်ခတ်မှု့ကြောင့် တစ်လအတွင်း ၅၁၆ ဦးသေ ၊ ၃၈၀၀ ဒဏ်ရာရခဲ့သည်။
-ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီ တွင်အစိုးရကအခွန်တိုးကောက်ခြင်းကိုမကြေနပ်၍ လူ သောင်းချီ ဆန္ဒပြနေသည် ၊ မနှစ်က ယ္ခုလိုဆန္ဒပြရာတွင် လူ ၆၀၀ ကျော်သေခဲ့သည် ။
-တရုတ်ပိုင် မွန်ဂိုလီးယားပြည်နယ်တွင် အွန်လိုင်းဂိမ်း တည်ထောင်သူ ဖမ်းဆီးနှိပ်စက်ခံရ၍ ထောင်တွင်း ၌ မိမိကိုယ်ကိုသတ်သေသွားပြီးနောက် မတရားဖမ်းဆီးနှိပ်စက်မှု့များကိုဖော်ထုတ်စစ်ဆေးရေးအဖွဲ့ အစိုးရ ရှေ့နေချုပ်ရုံးကဖွဲ့စည်းလိုက်သည်။
-ပြင်သစ် နှင့် အင်္ဂလန်ကျွန်း အား ဆက်သွယ်ထားသော ရေအောက်ဥမှင်ရထားလမ်း လျှပ်စစ်ကြေးကြိုးများ အခိုးခံရ၍ ခရီးစဥ်များရပ်တံ့ကုန်သဖြင့် ထောင်ချီ သောခရီးသည်များ သောင်တင်နေသည်။
-အိန္ဒိယ ယဥ်မှူးကဦးဆောင်၍ ပိုလန် ၊ ဟန်ဂေရီ တို့မှအဖွဲ့သားများပါဝင်သော ဒုံးပျံသည် ကနေဒီ ပစ်စဥ်မှ ထွက်ခွာသည် ၊ အာကာသတွင် နိုင်ငံတကာအာကာသစခန်း၌ ၂ ပါတ်ကြာ သုတေသနလုပ်မည်ဖြစ်သည်။
-ထိုင်းနိုင်ငံ မဲဆောက်တွင် မြန်မာရွှေ့ပြောင်းများကိုသာ ဦးတည်ဖမ်းဆီးမှု့များကြောင့် ၃ ရက်အတွင်း မြန်မာ ၁၀၀ ကျော်ဖမ်းမိသည် ။
-ကုလအထူးသံ တွန်အင်ဒရူး က ဘန်ကောက်ဘဏ် နှင့် စင်ကာပူဘဏ်များကို ထိမ်းချုပ်နိုင်ခဲ့၍ မြန်မာ့ဝင်ငွေ သုံးပုံတစ်ပုံ ကို ဖြတ်တောက်လိုက်နိုင်ကြောင်း ပြောသည် ။
ပြည်တွင်းထူးခြားသတင်းများ
-ဖားကန့်ဂွင် အင်မာယန် သင်္ချိုင်း နှင့် ရတနာပုံ လုပ်ကွက် နယ်မြေ၌ တိုက်ပွဲပြင်းထန်နေပြီး KIA တို့လက်လွှတ်ထွက်ပြေးနေရသည်။
-ကယားပြည်နယ် မော်ချီး ၌ သတ္တုတူးနေသော ကယားသူပုန်အဖွဲ့ ဗုံးကြဲခံရ၍ ၈ ယောက်သေသည် ။
-စစ်ကိုင်းမြို့နယ် တဲကြီးရွာ ၌ ပိတ်ထားသောစာသင်ကျောင်းအတွင်း ဗုံးသီးထုတ်လုပ်နေသော PDF များ ဗုံးကြဲခံရ၍ ၈ ယောက်သေသည် ။
-ပဲခူးတိုင်းအရှေ့ ဇေယျဝတီဘူတာ ၊ သကြားစက် ၊ ရဲစခန်း ၊ ကျောက်တံတားရဲကင်း ၊ ဘုရားကြီးကုန်း ရဲကင်း တို့အား မနက် ၁ နာရီအချိန်တပြိုက်နက်အတိုက်ခံရ၍ ရဲ ၄ ဦးကျဆုံးသည်။
-မန္တလေး စကိုင်းဗီလာ အပျက်အဆီးရှင်းလင်းနေစဥ် အဆောင် B ၊ အခန်း L 9 မှ ရုပ်အလောင်း ၃ လောင်းနှင့် ရွှေ ၁ ပိသာကျော် ၊ ငွေစက္ကူ ၂၈၅ သိန်း တွေ့ရှိ၍ ဆွေမျိုးတော်စပ်သူထံလွှဲပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည် ။
