စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းအချိန်တွင် ပလမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် ၂ လောင်း
(၂) M-4 သေနတ် ၁ လက်
(၃) ကျည်အိမ် ၂ ခု
(၄) ကျည် ၃၀ တောင့်
(၅) လက်ပစ်ဗုံး ၁ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။



