ပဲခူးမြို့၊ ဥဿာမြို့သစ်(၇)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကာလမ်းမဘေးရှိ “ပွင့်” ကွမ်းယာပစ္စည်းနှင့် အအေးမျိုးစုံဆိုင်တွင် ယမန်နေ့ ညက ပိုက်ဆံ၊ ဖုန်းနှင့် ရွှေထည်ပစ္စည်းများအား ဓားပြတိုက် လုယက်သွားသူ (၃)ဦးအား တာဝန်ရှိသူများက “FIVE STAR KTV” တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဓားပြတိုက် လုယက်သွားသူ (၃)ဦး မှာ
ဇင်ကို(ခ)ကိုဇင်၊ ၂၃နှစ်၊
အမှတ်(၃) ရပ်ကွက်၊ ဘုရားကြီးမြို့၊
လမင်း(ခ)ကိုငယ်၊ ၁၉နှစ်၊
အမှတ်(၃) ရပ်ကွက်၊ ဘုရားကြီးမြို့နှင့်
နိုင်မင်းထွန်း၊ ၂၂နှစ် ချင်စုအထပ်သားလမ်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ပဲခူးမြို့နေသူတို့ဖြစ်ပြီး
လမင်း(ခ)ကိုငယ်သည် “ပွင့်”ကွမ်းယာပစ္စည်းနှင့် အအေးမျိုးစုံဆိုင်တွင် အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပြီး လွန်ခဲ့သော(၄)လခန့်က အလုပ်မှ ထွက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
