၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးအား သားမယားပြုကျင့်ခဲ့တဲ့ ဝက်လတ် PDF

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ၊ ကျေးရွာစာသင်ကျောင်း အနောက်တောင်ဘက်ရှိ ကန်ဘောင်ပေါ်တွင် စက်တင်ဘာ (၅) ရက်နေ့ နံနက် (၉) နာရီခန့်က လက်နက်ကိုင်တပ်ဖွဲ့ဝင် မျိုးကိုသည် အသက် (၁၁) နှစ်အရွယ် မိန်းကလေးငယ်အား အလိုမတူပဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

၁၁ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သည့် မျိုးကိုသည် ရွာသာကြီး လင်းမြွေ ဦးဆောင်သော (Local) အဖွဲ့ဝင်ဖြစ်ကြောင်း၊ နံနက်စာ သွားဝယ်ချိန် ယူနီဖောင်းဝတ်ဆင် သေနတ်ကိုင်ထားပြီး အဓမ္မပြုကျင့်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒေသခံပြည်သူများသည် အဓမ္မပြုကျင့်သူများ သေဒဏ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသေးကြောင်း၊ အဓမ္မကျူးလွန်သူအား NUG လက်အောက်ခံ ဒေသတွင်းအဖွဲ့အစည်းက ဖမ်းဆီးထားကြောင်း၊ ဒေသခံများအနေဖြင့် ယခုဖြစ်စဉ်မျိုးကို လက်မခံနိုင်သည့်အတွက် ဆန္ဒပြတောင်းဆိုခဲ့စဉ် ပြစ်မှုကျူးလွန်သူတပ်ဖွဲ့၏ ခေါင်းဆောင်နှင့် အခြားဒေသတွင်း ခေါင်းဆောင်က လာရောက်ဆွေးနွေးပြောဆိုခဲ့ကြသည်ဟု သိရသည်။

crd//

Leave a Reply

Your email address will not be published. Required fields are marked *