မကြာသေမီးက နောက်ချိုနဲ့ ဗန်းမော်မြို့များကို အစိုးရရဲ့တပ်တွေက ဝင်ရောက်စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်မှာ တပ်မတော်အနေဖြင့် စိတ်ဓာတ်ရေးရာအရရော.. လက်နက်ပစ္စည်းအရာမှာ သာလွန်မှုတွေက အထွဋ်အထိပ်ကို ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက်.. ရှမ်း/မြောက်မှာရော အညာဒေသမှာပါ. PDF များ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သွေးကွဲ၍ ပျက်စီးခြင်းများစခဲ့ကြပြီ…။ ခုဆိုရင် အရှေ့တောင်ဘက်က မြဝတီနဲ့ ကော့ကရိတ်မြို့များကို သာလွန်အင်အားဖြင့် ဝိုင်းဝန်းထိန်းချုပ်နိုင်ခဲ့သဖြင့် ကရင်မြေက အကြမ်းဖက်အားပေး KNU နဲ့ PDF အပေါင်းအပါတို့ဟာ ပြေးစရာမြေ တောင် မရှိဖြစ်ခဲ့ရရှာသည်က လက်ရှိအခြေအနေမှာ အဆိုးဆုံးပါ..။ ရှိသမျှအင်အားဖြင့် ပလောင် အကြမ်းဖက် သူပုန်များဟာ မိုးကုတ်မြို့ကို တပ်လက်ထဲ ပြန်မပါရအောင် အစွမ်းကုန်ကြိုးစားနေပေမယ့် ၁၀၂၇ တုန်းကလို ရှေ့ကအနေ အသေခံ ပေးမယ့် မအူမလည် အညာ PDF များ မရှိတော့တဲ့အတွက် ရရာလူသူလက်နက်တွေကို ပေါ်တာဆွဲနေကြရပါပြီ.. ။
သတင်းမီဒီယာပိုင်းအနေဖြင့် အတော်လေးကို မရှုမလှဖြစ်နေကြရပြီ. နေ့စဉ် ဟားတိုက်နေကြတဲ့ စိန်သီးရဲ့ အဘ အစီအစဉ်နဲ့ တပ်ပြေး တင်လင်းအောင်၊ ထက်မြက်တို့တောင် ခွက်မပျောက်စေရေးအတွက် ရှိသမျှဟာလေးတွေကို Issue လုပ်နေကြရတာ အသိအသာပါ..။ မီဒီယာပိုင်းမှာလဲ တပ်ဖက်ကို လုံးဝ ယှဉ်ရက်စရာမရှိအောင် ကျရှုံးနေကြောင်း မရတ် ကျော်သူ ဆိုတဲ့သူတောင် ဝန်ခံ နေရရှာပါပြီ..
AA အဖွဲ့ဟာလည်း ငြင်းလို့မရတဲ့ မူးယစ်ဆေးအရောင်းအဝယ် သက်သေများနှင့်တကွ ယခင်အပတ်က နိုင်ငံပိုင် သတင်းစာတွေမှာ ဆက်တိုက်ဖော်ပြနေသည့်အပြင် ၊ မီဒီယာအား ဘယ်လောက်ကောင်းသလဲဆိုရင် နိုင်ငံတကာက ဂုရုကြီးတွေသာ သုံးတဲ့ X Platform မှာတောင် AA ရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားပြီး ကွန်ရက်ဖွဲ့နေကြောင်း သတင်းက Tweet အတော်များတာကို ကြည့်မယ်ဆိုရင်… လက်ရှိ အစိုးရဟာ မီဒီယာပိုင်းမှာ အတော်ကို ခရီးရောက်နေပြီး… လိုက်လို မှီဖို့ နောင် ဆယ်နှစ်တောင် မသေချာတော့နဲ့ အနေအထားဖြစ်နေတာကိုတွေ့ရမှာပါ..
မီမီဝင်းဘတ် မြှောက်ပေးပြီး.. ၁၀၂၇ မှာ PDF တွေဟာ မကူညီရင် ဒီလိုမျိုး တော်လှန်ရေးအင်အားနည်းသွားမှာ မဟုတ်ဘူးဆိုတဲ့ ကြံဆတွေးတောချက်တွေဟာလည်း NUG အသိုင်း အဝိုင်းမှာ ဝိဝါဒ ကွဲပြားနေလို့ . ဘာမှ မလုပ်တတ် မကိုင်တတ်ဘဲ ကြောင်ပျောက်၍ သာနေပါတော့တယ်..။
နည်းပညာသာလွန်မှုနှင့်အတူ ရှေ့ဆက်ပြီး လုပ်ဆောင်ကြရမည့်အရာတွေက အစိုးရအတွက် နိုင်ငံရေးကော စစ်ရေးအနေအထားပါ လွယ်ကူလွန်းသွားရပါပြီ.. မကြာခင် ရွေးကောက်ပွဲကျင်းပပြီး. စံချိန်စံညွှန်းနဲ့ ကိုက်တဲ့ .. အစိုးရတစ်ရပ် ဒီမိုကရေစီနည်းလမ်းကျစွာ ပေါ်ထွက်လာပါတော့မယ်.. အဲ့ဒီအချိန်မှာ ဒီလိုဘဲ အဝေးကနေ အော်နေကြအုံးမယ်ဆိုရင်တော့ ၁၉၈၈ နှစ်များဆီ နောက်ပြန်ရောက်သွားတာဟာ ဘယ်အဖွဲ့ဖြစ်သွားမလဲနှင့်.. PDF တွေဟာလည်း ABSDF နဲ့ မခြား ပါဂျောင်အရေးအခင်းလို အကြီးအကျယ် သွေးချောင်းစီးပွဲကြီးများကို မြင်ရတော့မလားတော့ မပြောတတ်ပါ..
လက်ရှိ အခြေအနေမှာတော့ PDF တွေကို ဖုန်းပေးမသုံးတော့ဘူးလို့ ခေါင်းဆောင်ပိုင်းက တင်းကျပ်စွာ စီစဉ် နေကြကြောင်း သိရပါသည်..
မကြာခင်မှာတော့ တကယ်အလင်းကို ရောက်လာတဲ့ PDF အများအပြားကို တွေ့ကြရတော့မှာပါ..
(ကပ္ပိယမောင်စိုး)
