(၂-၉-၂၀၂၅ မှ ၅-၉-၂၀၂၅) ရက်အတွင်း လူမှုကွန်ရက်ပေါ်၌တွေ့ရှိရသည့် NUG ဘက်တော်သား သေဆုံးမှုများ

ပုံ(၁)။ စက်တင်ဘာလ ၁ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ တိုက်ပွဲဖြစ်ပွားပြီး ပခုက္ကူခရိုင်အမှတ် ၁၁ တပ်ရင်းက အကြမ်းဖက်သမား ကျော်ဇင်ဝင်း (ခ) တာယာ ဟာ ဗိုက်ပွင့်သေဆုံးသွားကြောင်း ထုတ်ပြန်ထားပါတယ်။ သေသွားတဲ့သူက အသက် ၁၈ နှစ်တဲ့။ ပြန်ကြည့်လိုက်ရင် NUG နဲ့ သူ့လက်အောက်က အကြမ်းဖက် PDF တွေက အသက်တောင် မပြည့်သေးတဲ့ ကလေးငယ်တွေကို အတင်းအဓမ္မလူသစ်စုပြီး သေလမ်းတွန်းပို့ကာ ၎င်းတို့ ကိုယ်ကျိုးအတွက် အသုံးချနေကြတာပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတဲ့သူတွေကရော “အကြမ်းဖက် NUG အဖွဲ့တွေရဲ့ ကလေးစစ်သား အသုံးပြုနေတာတွေကို” လျစ်လျူရှု နေတော့မှာလား??

-ပုံ (၂)။ မိုးဗြဲမြို့၊ စက်တော်ရာ တိုက်ပွဲအတွင်း မိုးဗြဲအကြမ်းဖက် (PDF) အမှတ် (၁၀၀၁) ကျွဲချို တပ်ခွဲက နေဆန်း (ခ) ကလ ဟာ သေဆုံးသွားခဲ့ကြောင်း၊ ဆေးဝါး၊ ဆရာဝန် မရှိမှုကြောင့် ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသူများလည်း များပြားကြောင်း၊ ထိုတပ်ခွဲမှ သေဆုံးအကြမ်းဖက်သမား (၁၅) ဦး ရှိခဲ့ကြောင်း (ဘေးနားက မြေပုံတွေအရ ပိုများနိုင်) စက်တင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

-ပုံ (၃)။ ပခုက္ကူမြို့နယ်အတွင်းက တိုက်ပွဲတစ်ခုမှာ ပြည်သူကို ဆက်ကြေးကောက်၊ ဓားပြတိုက် အနိုင်ကျင့်၊ ညှင်းပန်းနှိပ်စက်နေတဲ့ ရေစကြိုမြို့နယ်က အကြမ်းဖက် PDF ၁ ဦးဟာ လုံခြုံရေး တပ်ဖွဲ့ဝင်များရဲ့ လက်ချက်ကြောင့် ငရဲဆင်းသွားကြောင်း သိရှိရပါတယ်။ ပြည်သူတွေရဲ့ မေတ္တာတွေစူးတာပေါ့။

-ပုံ (၄)။ ဒီးမော့ဆို၊ သဲတောင်တိုက်ပွဲအတွင်း ဗမာပြည်ကနေပြီး သောင်းကျန်းသူတွေရဲ့ အသုံးချခံအဖြစ်ရောက်ရှိနေတဲ့ အကြမ်းဖက် PDF လေပြေ (ခ) ကျော်ထက်ဟာ သေဆုံးသွားခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်များအရ သိရှိရပေမယ့် မြေပြင်မှာတော့ ထိခိုက်ဒဏ်ရာရ၊ ခြေလက်အင်္ဂါဆုံးရှုံးသူများပြားကြောင်း၊ အချင်းချင်းအနိုင်ကျင့်မှုများကြောင့် ထွက်ပြေးသူ၊ စစ်တပ်ထံ အလင်းဝင်သူ များပြားကြောင်း မြေမြင်သတင်းများနှင့် အတွင်းသတင်းပေးများထံမှ သိရှိရပါတယ်။

-ပုံ (၅)။ ကယားပြည်နယ်တိုက်ပွဲတစ်ခုအတွင်း အကြမ်းဖက် (KNA) အမှတ် (၂၁၀၅)တပ်ရင်းမှ ရဲဘော် ဧလိယာ (ခ)အိုင်ရို ဟာ စက်တင်ဘာလ ၂ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း ၎င်းတို့ရဲ့ ပို့စ်တင်ထားမှုအရ သိရှိရပါတယ်။

-ပုံ (၆)။ ကယားပြည်နယ်တိုက်ပွဲတစ်ခုအတွင်း ပဒေါင် အကြမ်းဖက်သမား ဒေါရို (ခ) ရဲမင်းထွေး ဟာ သေဆုံးသွားခဲ့ကြောင်းထုတ်ပြန်ထားပြီး ဘေးက အုတ်ဂူလေးတွေကလည်း အသစ်စက်စက် လေးတွေဆိုတော့ သေဆုံးတဲ့သူဟာ (၄/၅) ဦးမက ရှိနိုင်ပါတယ်။

-ပုံ (၇)။ ဗမာ PDF ငတုံးတစ်ကောင်ကတော့ သောင်းကျန်းသူ သူပုန်တွေရဲ့ အသုံးချခံဘဝနဲ့ ဗမာပြည်ကို ပြန်မလာနိုင်ဘဲ တောတွင်းတစ်နေရာမှာပဲ သေဆုံးသွားခဲ့ကြောင်း တွေ့ရှိရပါတယ်။

-ပုံ (၈)။ ကယားပြည်နယ်တိုက်ပွဲတစ်ခုအတွင်း မိုဗြဲ အကြမ်းဖက် သမား (၄) ဦး သေဆုံးသွားကြောင်း ၎င်းတို့ရဲ့ RIP လုပ်ထားမှုအရ သိရှိရပါတယ်။

-ပုံ (၉)။ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့အနီးမှာ ပခုက္ကူအကြမ်းဖက် PDF အဖွဲ့ဝင် အသက် ၂၀ နှစ်အရွယ်ခန့် မောင်မောင်ခန့် (ခ) AK မောင်ကြီးဟာ ပြည်သူများသွားလာရာ လမ်းကြောင်းမှာ မိုင်းထောင်ဖို့ကြိုးစားရင်း ကိုယ့်မိုင်းနဲ့ကိုယ်ကွဲပြီး အစတောင်ရှာမရဘဲ သေဆုံးသွားခဲ့ကာ ထိုအကြမ်းဖက် ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အကြမ်းဖက်သမား (၈) ဦးအထိ သေဆုံးခဲ့ကြောင်းကိုလည်း ထုတ်ပြန်ထားပါတယ်။

-Social Media ပေါ်တွင် အကြမ်းဖက်သမားတွေကိုယ်တိုင် ဖော်ပြထားသည့် အချက်အလက် များအရ ၂-၉-၂၀၂၅ မှ ၅-၉-၂၀၂၅ ရက်နေ့အထိ အကြမ်းဖက်သမားသောင်းကျန်းသူ/ PDF (၃၇) ဦးသေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး လိုင်းပေါ်မှာတင်ထား၊ တွေ့မြင်တာလောက်နဲ့တောင် ဒီလောက်သေဆုံးနေတယ်ဆိုရင် မြေပြင်မှာ ဒီထက် ၂ဆ၊ ၃ ဆ မက သေဆုံးနေမယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ အကြမ်းဖက် ပြည်ပြေး NUG အဖွဲ့တွေရဲ့ ပြည်ပကနေမြှောက်ပေး ခွက်ခေါက်ကောင်းရုံလုပ်ပြနေတာကို အဟုတ်ကြီးထင်ပြီး ဆက်မိုက်နေရင်တော့ တောထဲရောက် အကြမ်းဖက်သမားလေးတွေရဲ့ဘဝက သောင်းကျန်းသူတွေရဲ့ အသုံးချခံဘဝနဲ့ပဲ နိဂုံးချုပ်သွားလိမ့်မယ်လို့ သတိပေးပါရစေ။

-တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *