ပြည်သူများ၏သတင်းပေးချက်အရ ဝင်ရောက်ရှင်းလင်းရာ PDF အလောင်း/လက်နက်များရရှိ

မိမိတို့၏ကျေးရွာများကို ဆက်ကြေးကောက်၊ မိုက်ကြေးခွဲပြီး အနိုင်ကျင့်နှိပ်စက်နေသည့် အကြမ်းဖက် PDF များ မင်းလှစက်လှေဆိပ်အနီးတွင်ရှိကြောင်း ဒေသခံများ၏သတင်းပေးမှုကြောင့် ဩဂုတ် ၂၇ ရက် မနက်ပိုင်းတွင် နယ်မြေရှင်းလင်းခဲ့ရာ ဖြူးမြို့၏အနောက်တောင်ဘက် မီတာ ၂၅၀၀၀ ခန့်အကွာ မင်းလှစက်လှေဆိပ်အနီးတွင် အကြမ်းဖက် PDF ၅ ဦးနှင့် ထိတွေ့မှုဖြစ်ပွားပြီး ရန်သူ အနောက်အရပ်သို့ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် PDF ၂ လောင်း
(၂) MA-1 သေနတ် ၁ လက်
(၃) လုပ်သေနတ် ၁ လက်
(၄) ကျည်အိမ်/ကျည်ဆန်များ
(၅) လက်လုပ်မိုင်း ၇ လုံး
(၆) တဲ ၂ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *