မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်‌ရေအနည်းငယ်ပြန်တက်လာ

မြစ်ကြီးနားမြို့ တွင် ဧရာဝတီမြစ်ရေသည် ယနေ့ ဩဂုတ်လ (၂၁)ရက် ၊ နံနက်ပိုင်းတွင် (၁)ခွဲခန့် ပြန်တက်လာကြောင်း မြစ်ကြီးနားမြို့ မိုးလေဝသဦးစီဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေသည် ယမန်နေ့ ဩဂုတ်လ (၂၀)ရက် ညနေ(၆)နာရီခွဲအချိန်မှ ယနေ့ ဩဂုတ်လ(၂၁)ရက်နံနက် (၆)နာရီခွဲအချိန်အထိ (၁၂)နာရီအတွင်း (၁) ပေခွဲမြင့်တက်လာခြင်းဖြစ်သည်ဟုဆိုသည်။

မြစ်ကြီးနား မြစ်ရေသည် ‎စိုးရိမ်ရေမှတ် ၁,၂၀၀စင်တီမီတာသတ်မှတ်ထားရာ လက်ရှိချိန်အထိ (၂၂ ) ပေခန့်အလိုတွင်ရောက်ရှိနေပြီး မြစ်ရေအတက်အကျ ပုံမှန်အနေအထားခန့်မည်ရှိမည်ဖြစ်ကာ ‎ထူးကဲမြစ်ရေကြီးနိုင်သည့် အခြေအနေ ‎မတွေ့ ရှိရကြောင်း ဆိုသည်။

ဧရာဝတီမြစ် အထက်ပိုင်းတွင် မိုးရွာသွန်းမှု‎အသင့်တင့်ရှိနေပြီး နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် မြစ်ကြီးနားမြစ်ရေ ကျဆင်းနေရာမှ ပြန်တက်လာခြင်းအကြိမ်ကြိမ် ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *