အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖယ်ခုံမြို့နယ်ရွှေစံသစ်ရွာနှင့် ဆင်ဖြူရွာတစ်ဝိုက်တွင်အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းခဲ့ကြောင်းနှင့်ရွာ၂ ရွာကြားတွင် လက်နက်ခဲယမ်းများကိုဝှက်ထားကြောင်းသတင်းရရှိသဖြင့် တပ်မတော်မှသွားရောက်ရှင်းလင်းခဲ့ရာ ပုံဖျက်ဖုံးကွယ်ထားသည့် သောင်းကျန်းသူစခန်းအားတွေ့ရှိခဲ့ပြီး ၎င်းနေရာနှင့် ဝန်းကျင်တစ်ဝိုက်အား ဆက်လက်ရှင်းလင်းခဲ့ရာ အောက်ပါလက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများရရှိခဲ့-
-၆၀မမ အမ်အေ ၇ (၁ )လက်
- လက်လုပ်သေနတ် ၁ လက်
-22 ကျည် ၅၀၀ တောင့်
-22 ကျည်အိမ် ၅ ခု
-အမ် ၁ ကျည် ၃၀ တောင့်
-5.56 ကျည် ၁၆၀၀ တောင့်
-7.62 ကျည် ၂၀၀ တောင့်
-MG1 လက်ပစ်ဗုံး ၁၅ လုံး
-M14 နင်းမိုင်း ၃၁ လုံး
-တိုက်မိုင်း ၂ လုံး
-နင်းမိုင်းကြီး ၁ လုံး
-၄၀မမ ၅လုံး
-လက်ပစ်ဗုံး ၂ လုံး
-၆၀မမ ဗုံးသီး၁၃ လုံး
-၈၁မမ ဗုံးသီး ၁ လုံး
-အီနာဂါ ၃၃ လုံး ပို့ကျည် ၃၀
-RPJ (၂၁)လုံး ပို့ကျည် ၇
-၁.၅kg 34လုံး
-လက်လုပ် dropbomb ၁၃လုံး
-လက်လုပ် dropbomb သံပိုက် ၁၁ လုံး
-လက်လုပ် dropbomb 60မမ ၆၄ လုံး
-မိုင်းဖြူး ၈ချောင်း
-ကျည်ကာ အင်္ကျီ ၃ ထည်
-ကျည်ကာဦးထုပ် ၃ လုံး
-ယူနီဖောင်း ၅ စုံ
-ဒရုန်းဘက်ထရီ ၆ ခု
-ဂျိုင်းထောက် ၆ စုံ တို့အား သိမ်းဆည်းရရှိခဲ့သည်။







