တပ်မတော်သားအဖြစ် အယောင်ဆောင်ပြီးအနုကြမ်းစီးဓားပြတိုက်သူများ ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်၊အောက်လှဲဆိပ်ကျေးရွာအုပ်စု၊အောက်လှဲဆိပ်အရှေ့ရွာတွင် လူ ၄ဦးမှ ရေတပ်ဝတ်စုံပျောက်ကြားများဝတ်စဥ်ပြီး အနုကြမ်းစီးဓါးပြတိုက်သူများ ဖမ်းဆီးရမိကြောင်း သိရသည်။

ယမန်နေ့ ည၇နာရီအချိန်ခန့်က အောက်လှဲဆိပ်ကျေးရွာနေူ ဦးထွန်းရီနေအိမ်အား ရေတပ်ဝတ်စုံပျောက်ကြားများဝတ်စဥ်ပြီး အနုကြမ်းစီးဓါးပြတိုက်မှုဖြစ်ပွားကာ ငွေကျပ်သိန်း(၆၀)ကျော်ခန့်နှင့် ဖုန်း(၄)လုံးပါသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အနုကြမ်းစီးဓါးပြတိုက်သူများအား လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ ဓါးပြတိုက်သူ ၄ ဦးအနက် ၂းဦးအား အောက်လှဲဆိပ်ရွာထဲတွင် ၁ ဦး၊အောက်လှဲဆိပ်ဘုရားဘေးတွင် ၁ ဦး လက်လုပ်သေနတ်အတုAK47တလက်နှင့်အတူဖမ်းဆီးမိခဲ့ကြောင်း၊ ဖမ်းဆီးမိသူ(၂)ဦးမှာကျိုက်လတ်မြို့နယ်၊တံခွန်တိုင်သံကြိုးတိုင်မှ(အဖ)ဦရဲညွန့်၏သားမောင်ချမ်းမြေ့အောင်နှင့်မော်လမြိုင်ကျွန်းမြို့နယ်၊အမှတ်(၃)ရပ်ကွက်၊(၈)လမ်းမှ(အဖ)ဦးကျော်ဇော၏သားမောင်သက်ပိုင်ဦးတို့ဖြစ်ကြောင်း သိရသည်။

၄င်းတို့ ၂ဦး၏ထွက်ဆိုချက်အရ ထွက်ပြေးလွတ်မြောက်သွားသူ ၂ နက် ၁ ဦးမှာ ရွာခံဖြစ်သူအောက်လှဲဆိပ်ကျေးရွာနေ(အဖ)ဦးဌေးဝင်း၏သားမောင်ပြည့်စုံ(၂၇)နှစ်ဖြစ်ကြောင်း ဖမ်းဆီးရမီသူများအား မြင်းကကုန်းရဲစခန်းတွင် စစ်ဆေးမှုများလုပ်ဆောင်နေပါကြောင်းသတင်းရရှိသည်။

အလားတူ ဖျာပုံမြို့နယ်၊သဲအိမ်ကျောင်းစုတွင် ယင်းနေ့ညပိုင်းက သဲအိမ်ကျောင်းစုရှိ နေအိမ်များအား ရေတပ်ပျောက်ကြားဝတ် ၆ဦးသည် ပစ္စတိုအတုတစ်လက်ဖြင့်ဧည့်စာရင်းဝင်စစ်ရာ အိမ်ရှင်၏ပါးနပ်မှုအရ ဧည့်စာရင်းစစ်ရာတွင် အုပ်ချုပ်ရေးမှူးမပါသည်ကို သိရှိသဖြင့် အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်ရာ ၄င်းတို့ ၆ဦးသည်ထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များလိုက်လံရှာဖွေရာ ကုလားဘုရားကုန်းတွင်ရေတပ်ယူနီဖောင်း ၄ စုံ၊ပိုက်စံအိတ် ၁အိတ် သိမ်းစည်းရမိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *