ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်တွင် ပုဂ္ဂလိကကုန်လှောင်ရုံတစ်ခုအတွင်းမှ အကြမ်းဖက်အဖွဲ့တွေထံ ရောင်းချမည့် ဒရုန်းများ၊ Jammers လှိုင်းဖြတ်စက်များနှင့် ဆက်စပ်ပစ္စည်းများကို အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC)၊ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) နှင့် စမွတ်ပရာကန်ပြည်နယ်ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းမီဒီယာများမှ ဖော်ပြထားသည်။




