PDF အပါအဝင် အကြမ်းဖက်အဖွဲအစည်းအတွင်း ရောက်ရှိခဲ့သည့် သင်တန်းဆင်းလူငယ် ၁၄ ဦးတို လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသဖြင့် ၎င်းတိုကို ကောင်းမွန်စွာ လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို သြဂုတ်လ ၄ ရက်၊ မွန်းလွဲပိုင်းက ပခုက္ကူမြို၊ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ ရဲတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရပါတယ်။
အခမ်းအနားတွင် ပခုက္ကူမြို၊ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်က အလင်းဝင်ရောက်လာသူလူငယ်များအား အသိပညာပေးဟောပြောပြီး ဆုကြေးငွေချီးမြှင့်ပေးအပ်ခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းများဆောင်ရွက်ရာ အလင်းဝင်ရောက်လာသူများက တပ်မမှူးထံ လက်ပစ်ဗုံး၊ ခဲယမ်းများအပ်နှံခဲ့ကြပါတယ်။


