ထိုင်းစစ်တပ်သည့် ကမ္ဘောဒီးယားနှင့် နယ်စပ်ပြဿနာများဖြစ်ပွားပြီးနောက် ထိုင်းနယ်နိမိတ်ထဲသို့ ဝင်ရောက်လာသည့် ဒရုန်းများနဲ့ အခြားနိုင်ငံသားများကို လေ့လာစောင့်ကြည့်ကြရန် ပြည်သူများထံသို့ အသိပေးထားကြောင်း
သိရပါတယ်။
အဆိုပါအသိပေးချက်ဟာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဒရုန်းပျံသန်းမှုများကို တွေ့ရှိခဲ့ရပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်ပြီး ဒရုန်းများ ကျူးကျော်ဝင်ရောက်ပျံသန်းလာတာကို တွေ့ရှိပါက သက်ဆိုင်ရာအဖွဲအစည်းများထံ သတင်းပေးပို့ဖို့
ထိုင်းတော်ဝင်လေတပ်က ပြောကြားထားတယ်လို့ သိရပါတယ်။
မင်းခန့်
