“ချက်ခြင်းနှင့် အကြွင်းမဲ့ အပစ်အခတ် ရပ်စဲရေး” ကို ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ သဘောတူညီ

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံသည် အငြင်းပွားနေသော နယ်စပ်တစ်လျှောက် ရက်အတန်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒေသစံတော်ချိန် သန်းခေါင်ယံ (အရှေ့တိုင်းစံတော်ချိန် တနင်္လာနေ့ ညနေ ၁၂ နာရီ) မှစ၍ “ချက်ခြင်းနှင့် အကြွင်းမဲ့ အပစ်အခတ် ရပ်စဲရေး” ကိုစတင်ရန် သဘောတူညီခဲ့ကြကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။1

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကြားဝင်စေ့စပ်ပေးခဲ့သော မလေးရှားနိုင်ငံ၏ ပြောကြားချက်အရ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံမှ ဒေသဆိုင်ရာ တပ်မှူးများ အစည်းအဝေးကို ဇူလိုင်လ ၂၉ ရက်နေ့၊ အင်္ဂါနေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *