ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ၊ မလေးရှားနိုင်ငံတွင် ဇူလိုင် ၂၈ ရက်က နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရပါတယ်။
အဆိုပါ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပြီးနောက် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါက ကမကထပြုလုပ်ကာ ယခုလို တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လာခြင်းဖြစ်ပါတယ်။
အဆိုပါ ဆွေးနွေးပွဲတွင် မည်သည့်ရလာဒ်မျိုး ထွက်ပေါ်ခဲ့သည်ကိုတော့ မသိရသေးဘဲ ယင်းဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကိုယ်တိုင် တက်ရောက်ခဲ့သလို ထိုင်းနိုင်ငံဘက်ကလည်း ယာယီဝန်ကြီးချုပ် ဖွမ်သမ် ဝီချာယာချိုင်းတို တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ #crd
