TNLA ဟာ တပ်မတော်ရဲ့ ပြင်းထန်လွန်းခဲ့တဲ့ ထိုးစစ်အားကိုကြောက်ရွံ့နေပါတယ်။ တပ်မတော်ရဲ့ ပြင်းထန်လွန်းသော တိုက်စစ်ကို ခံစစ်မာမာဖြင့်ခုခံရန် ခဲယမ်းအခက်အခဲနဲ့ ကြုံတွေ့နေတာလည်းတွေ့နေရပါတယ်။ TNLA သည် ပိုက်ဆံ အထိုက်အလျှောက်ရှိနေသော်လည်း ခဲယမ်းရရှိရန်အတွက် ခက်ခဲသွားပါပြီ။
TNLA ဟာ NUG ရဲ့ PDF များကို ဦးဆောင်နေရသော်လည်း ယခုအခါ ခဲယမ်းရရှိရေးအတွက် NUG ၏ အကူအညီကို ပြန်လည်ရယူနေရတဲ့ဘဝဖြစ်သွားပါပြီ။ အားလုံးသိကြတဲ့အတိုင်း NUG ဟာ အမေရိကန် CIA ပါ။ သဘောပြောရမယ် ဆိုရင် TNLA ဟာလည်း CIA ဘက်ကို ယိမ်းသွားရရှာတဲ့အနေအထားကို ရောက်သွားပါတယ်။ အခုလို အမေရိကန် CIA ၏ တပည့် ဖြစ်နေတဲ့ NUGရဲ့ လက်ဝေခံသဘောသက်ရောက်နေတဲ့ TNLA ကို တရုပ်ဟာ လုံးဝမနှစ်မြို့ပါဘူး။
ယခင် ကိုးကန့်၏ ခဲယမ်းအကူအညီဖြင့် တောင်ခမ်းကို ထိုးစစ်ဆင်နိုင်ခဲ့သော်လည်း၊ ယခု ကိုးကန့်မှာ TNLA ကို ခဲယမ်း ရောင်းချမှု မပြုတော့ပါဘူး။ ဒါတင်ပဲလားဆိုတော့ ကိုးကန့်သာမက WUSA ကပါ TNLA ကို ခဲယမ်းရောင်းချမှု မပြုတာလည်း တွေ့နေရပါတယ်။ ယခင် TNLA အားကိုးခဲ့သော သူ၏ဆရာကိုးကန့်နဲ့ WUSA တို့ ခဲယမ်းရောင်းချမှု လုံးဝမပြုလုပ်မှုတော့တာဟာ တရုပ်နိုင်ငံ၏သဘောထားကို မသွေဖီရဲသော ကြောင့်ဖြစ်ပါတယ်။
ဒါ့ကြောင့် တရုပ်အပါအဝင် ကို့ကန့်နှင့် WUSA ဘက်မှ လက်နက်ခဲယမ်း ဝယ်ယူထောက်ပံ့မှု မရနိုင်တော့သော TNLA ဟာ PDF ကိုတောင် လက်ကျန်ခဲယမ်း အခက်အခဲကြောင့်၊ ရောင်းချထောက်ပံ့ရန်အခက်အခဲဖြစ်နေသော KIA ကြောင့် မိမိတို့တပ်မတော်အား ခုခံရန် အခက်ခဲကြုံနေရပါတယ်။ တစ်ချိန်ထဲမှာပဲ တောင်ခမ်းအပါအဝင် နောင်ချိုအထိ ဆုံးရှုံးသွားသည့်အပြင် ကျောက်မဲနှင့် မိုးကုတ်ကိုပါ ဆက်လက်ဆုံးရှုံးတော့မည့် TNLA အား ဆရာတင်ထားခဲ့သည့် DPLA ၏ စိတ်ကူးယဉ်အိမ်မက်များဟာလည်း နေ့စဉ်နှင့်အမျှ ဝေဝါးလာပါပြီ၊၊
CIA လက်ဝေခံ ကချင် KIA ဟာ PDF များရဲ့ လက်နက်နှင့်ခဲယမ်းကို ရောင်းချပေးနေသော တစ်ခု တည်းသော လမ်းကြောင်းဖြစ်နေပြီး လက်ရှိအချိန်မှာတော့ TNLA ကပါ အဆိုပါ လမ်းကြောင်းကို မှီခိုနေရတဲ့ အနေအထားကို ရောက်နေပါတယ်။ သို့သော် အဆိုပါ KIA ဟာလည်း ဗန်းမော်ကဲ့သို့သော တိုက်ပွဲကြီးများဆင်နွဲနေရသောကြောင့် NUG ရဲ့ PDF များကို ဆက်လက်ထောက်ပံ့ရောင်းချရန်ပင် လက်နက်ခဲယမ်းမလောက်ငှတော့သည့်အပြင် ၄င်းတို့၏ အရံခဲယမ်း အတွက်ပင် ထားရှိ/ထုတ်လုပ်ရန် အခက်အခဲဖြစ်လာတာဟာလည်း TNLA ရဲ့ ခဲယမ်းရရှိရေး အကြပ်အတည်းကို ကြီးမားနေစေပါတယ်။
ဒါ့အပြင် စစ်ပွဲကြီးအတွင်း TNLA ၏ ခွဲခြားဆက်ဆံခံရသော သမိုင်းကြောင်းများကြောင့် လက်ရှိအချိန်တွင် DPLA များ ထွက်ပြေးနေခြင်း၊ လက်နက်ချနေခြင်းများသည် တပ်မတော်၏ ပြင်းထန်လွန်းသောထိုးစစ်ကို ခုခံရန် TNLA အတွက် အကြီးမားဆုံးအခက်ခဲဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ စစ်ဆင်ရေးဆိုင်ရာ မဟာဗျူဟာ ဆုံးဖြတ်ချက် အမှားများ ချမှတ်ပြီး စစ်ရှုံးနေသော TNLA ထိပ်သီးခေါင်းဆောင်များအပေါ် အောက်ခြေအရာရှိငယ်များမှ သံသယများ ဝင်နေကြပြီး တစ်ချို့TNLA အရာရှိငယ်များသည် ပလောင်လူမျိုးအပါအဝင် ဓနုလူမျိုးများကိုပါ ထွက်ပြေးခြင်း/ တပ်မတော်ထံတွင် အလင်းဝင်ရန်ကြိုးစားခြင်းတို့ကို ကြိုတင်သိနေသော်လည်း တားဆီးခြင်းမပြုသည့်အပြင် အထက်လူကြီးများမသိအောင် အောက်ခြေမှာ သဘောတူခွင့်ပြုတာတွေ ပြုလုပ်နေတာတွေ အများကြီးဖြစ်ပေါ်နေတယ်လို့ အလင်းဝင်လာသူတွေ ဆီကနေ သိနေရပါတယ်။
(ကိုခိုင်ဇော်)
