၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင် ၂၇ ရက်(တနင်္ဂနွေနေ့) နံနက် ၆ နာရီအချိန်၌ ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း၊ အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ကြောင်း၊ အောင်စာရင်းထုတ်ပြန်မည့် ဇူလိုင် ၂၇ ရက် နံနက် ၄ နာရီတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာပေးမည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးမည်ဖြစ်ကြောင်းသိရပါတယ်။
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇူလိုင် ၂၇ ထုတ်ပြန်မည်
