လမ်းပေါ်တွင်ထောင်ထားသည့် လက်လုပ်မိုင်းအားလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်း

ဇူလိုင်လ ၁၄ ရက် တပ်ကုန်းမြို့နယ်၊ အောင်သပြေကျေးရွာအုပ်စု၊ ဂိုဒေါင်ကျေးရွာအဝင်လမ်းတွင် ကြိုးနှစ်ချောင်းအား တွေ့ရှိ၍ စစ်ဆေး ခဲ့ရာ လက်လုပ်ကြိုးဆွဲမိုင် ၂ လုံးတွဲအား တွေ့ရှိပြီး ကြိုးလမ်းကြောင်း၏ တခြားတစ်ဖက်သို့ ဆက်လက် ရှင်းလင်းရာ ဆိုင်ကယ်ဘတ္ထရီအိုး ၂ လုံးအား ဆက်လက်ရှာဖွေတွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သက်မဲ့ပြုလုပ်ခဲ့ပြီး အနီးပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *