ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကံမမြို့ကနေအိမ်အချို့ရေဘေးသင့်

ဧရာဝတီမြစ်ရေမြင့်တက်လာတာကြောင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့က အိမ်ထောင်စု(၅၈)စု ရေဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း အချိန်အထိ ကံမမြို့ အမှတ်(၂)ရပ်ကွက် ကမ်းနားရပ် ဧရာဝတီမြစ်ကမ်းနံဘေးနဲ့ မြေနိမ့်ပိုင်းတွေက လူနေအိမ်တွေအတွင်းမြစ်ရေဝင်ရောက်ခဲ့လို့ အိမ်ထောင်စု(၅၈)စုက မိသားစုဝင် လူဦးရေ(၂၄၄)ဦးတို့ရေဘေးသင့်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ရေဘေးသင့်ပြည်သူများအတွက်ကိုလည်း လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *