မိုးဗြဲမြို့အား တပ်မတော်ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုသည့် သတင်းဟာ လူမှုကွန်ရက်စာမျက်နှာများတွင် ပလူပျံအောင်တွေ့နေရသလို မိုးဗြဲမြို့ကိုပြန်သိမ်းမယ်ဆိုတဲ့ (အောက်လေ) တိုက်နေတဲ့ အဖွဲ့တွေရဲ့ စကားတွေကို မြင်နေကြားနေရပါတယ်။ ဒီလိုပဲ မိုးဗြဲတိုက်ပွဲအတွင်းမှာ သေဆုံးသွားကြတဲ့ PDF တွေရဲ့ ပုံတွေကလည်း မမြင်အောင်ကို တက်နေကြပါတယ်။ သူများယောင်လို့ လိုက်ယောင်ကြတဲ့ ဘူမသိကိုယ်မသိလူငယ်တွေရဲ့ နောက်ဆုံးဇာတတ်သိမ်းကတော့ ရင်နင့်ဖွယ်ရာလို့ပဲ ဆိုရတော့မယ်…

