ရန်ကုန်သို့ သယ်ဆောင်မည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများ သာစည်မြို့နယ်တွင်ဖမ်းမိ

ရန်ကုန်မြို့သို့ သယ်ဆောင်ရောင်းဝယ်မည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော်ကို မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က တောင်ကြီးမှ ရန်ကုန်သို့ ဇင်ကိုဦး မောင်းနှင်ပြီး အောင်မင်းသူ လိုက်ပါလာသော NISSAN ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါသံပိုက်လုံး ၄ လုံးအတွင်းမှ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်ခိုင်းသူ စိန်ကျော်ဝင်း အား ဇွန်လ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်တွင် တောင်ကြီးမြို့ နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၄)ရှိ ၎င်း၏နေအိမ်တွင် ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

CRD//MHT

Leave a Reply

Your email address will not be published. Required fields are marked *