မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစွန်းရောက်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တေဇာစန်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ပြုပြင်ပြောင်းလဲဖို လိုအပ်ကြောင်း ဇူလိုင်လ ၇ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဒီအကြံပြုစာထဲမှာ NUG လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ(ပလဖ) နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ (ပအဖ) စတဲ့ ပသုံးလုံးယန္တရားရဲ့အခြေအနေ၊ သံယံဇာတခွဲဝေသုံးစွဲမှုအခြေအနေတွေ နဲ့ နိုင်ငံရေးအရ ခေါင်းဆောင်မှုပိုင်းမှာ ပြုပြင်ပြောင်းလဲဖိုလိုအပ်နေတာကို ထောက်ပြဝေဖန်ရေးသားခဲ့တာဖြစ်ပါတယ်။
သူပြောနေသလို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ NUG အဖွဲ့အစည်းဟာ တော်လှန်ရေးခေါင်းစဉ်တပ်ပြီး အလှူငွေကောက်ခံနေမှုများ၊ အလှူငွေအလွဲသုံးစားဆောင်ရွက်နေမှုများနဲ့ ၎င်းတို့လက်အောက်အဖွဲ့အစည်းများဖြစ်သည့် PDF အဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်လမ်းစဉ်အတွင်းမှာ ပြည်သူလူထုကိုသတ်ဖြတ်မှုများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများနှင့် ဘက်ပေါင်းစုံက အကြမ်းဖက်နေမှုများကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

