ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ပျဉ်းတောရပ်ကွက်ရှိ စာသင်ကျောင်း ဧရိယာအတွင်း စခန်းချထားသည့် စစ်သွေးကြွ AA အဖွဲ့ကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းလိုက်ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ (၄)ရက် နံနက်အစောပိုင်း (၁၂)နာရီကျော်ခန့်က စာသင်ကျောင်း ဧရိယာအတွင်း စခန်းချထားသည့် စစ်သွေးကြွ AA အဖွဲ့ကို တပ်မတော်က လေကြောင်းဖြင့် ဗုံး နှစ်လုံး ကြဲချ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တပ်မတော်က လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် အမ်းမြို့ ပျဉ်းတောရပ်ကွက်ရှိ စစ်သွေးကြွ AA အဖွဲ့ဝင်များ စခန်းချထားသည့် စာသင်ကျောင်းနှင့် အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။


