ထိုင်းနိုင်ငံ၏ အစိုးရအဖွဲ့ကို အပြောင်းအလဲတစ်ရပ် ပြုလုပ်ခဲ့ရာ၌ ယခင် ဝန်ကြီးချုပ်ရာထူးအပြင် ယဉ်ကျေးမှုဝန်ကြီးရာထူးကိုပါ ပူးတွဲတာဝန်ယူလိုက်သည့် ထိုင်းဝန်ကြီးချုပ် ပေတောင်တန်သည် နာရီပိုင်းအကြာ၌ပင် ရာထူးမှ နုတ်ထွက်ရန်တောင်းဆိုသော အထက်လွှတ်တော်အမတ်များ၏ အသနားခံစာကို လက်ခံရန် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။အဆိုပါ ထိုင်းအစိုးရပြောင်းလဲဖွဲ့စည်းခြင်းကို တော်ဝင်အမိန့်ပြန်တမ်းက ယနေ့ ဇူလိုင် ၁ ရက်၊ မနက်ပိုင်းတွင် အတည်ပြုပြီးနောက် နာရီပိုင်းအကြာတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် နယ်စပ်အရေးဆွေးနွေးသည့်အသံဖိုင် ပေါက်ကြားလာခဲ့မှုကြောင့် ယခုလို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
တရားရုံး၏ ထုတ်ပြန်ချက်တွင် အမှုကို ခုံရုံးတင်နေချိန်အတွင်း ၀န်ကြီးချုပ်အနေဖြင့် တာဝန်ထမ်းဆောင်ခြင်း မပြုရန် အမိန့်ချလိုက်သဖြင့် ယခုအခါ မစ္စ ပေတောင်တန် ရှင်နာဝပ်မှာ အစိုးရအိမ်တော်မှ ထွက်ခွာသွားခဲ့ရပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီး Suriya Jungrungreangkit က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူရမည်ဖြစ်ကြောင်း သိရသည်။ထိုအမှုကို ခုံရုံးတင်နေချိန်အတွင်း ပေတောင်တန်အနေဖြင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခြင်း မပြုရန် အမိန့်ချမှတ်လိုက်ကြောင်း တရားရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသလို ပေတောင်တန်ကလည်း တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ရိုးနွံစွာဖြင့် လက်ခံကြောင်း ပြောဆိုခဲ့ပြီး ယနေ့မှစ၍ ၁၅ ရက်အထိ အလုပ်တာဝန်များကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
crd…
