ဇွန်လ ၂၈ ရက်နေ့တိုက်ပွဲသတင်းများ

နောင်ချိုမြို့နယ်၊ အုမ္မခါးဒေသအတွင်း နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် သောင်းကျန်းသူ ၂၀ ဦးခန့်ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူမှာ အလောင်းများဆွဲ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA/DPLA ၁၀ လောင်း
(၂) Type-81 သေနတ် ၄ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) ခဲယမ်း/ဗုံးသီးများ
(၅) ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့။

မိုးဗြဲမြို့၊ စည်ကားရပ်ကွက်အတွင်းရှိ လခရအဖွဲအား အကြမ်းဖက် KNDF အဖွဲက ၂၅ ဦးခန့်ဖြင့် (၁)ကြိမ်၊ ၂၀ ဦးခန့်ဖြင့် (၁)ကြိမ်၊ ပေါင်း (၂)ကြိမ် လာရောက်တိုက်ခိုက်သဖြင့် ထိတွေ့မှုဖြစ်ပွားပြီး ရန်သူပြန်ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိ။

ထားဝယ်နည်းပညာတက္ကသိုလ်ဝန်းရှိ လခရအဖွဲအား အကြမ်းဖက် ၇ ဦးခန့်က အဝေးမှ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့။ ရဲတပ်ဖွဲဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့။

လေးမျက်နှာဒေသ‌ဘက်တွင် သေနတ်သံ ၂ ချက် ကြားရရုံမှလွဲ၍ အေးချမ်းတည်ငြိမ်လျက်ရှိ။

သပိတ်ကျင်းဒေသ၊ ၆ မိုင် စခန်းသာရွာအနီးရှိ အကြမ်းဖက်အဖွဲ၏ အခြေချရာနေရာအား နယ်မြေရှင်းစစ်ကြောင်းများက ဖယ်ရှားရှင်းလင်းနိုင်ခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ ၁ လောင်း၊ ၁ လက် သိမ်းဆည်းရရှိ။

Leave a Reply

Your email address will not be published. Required fields are marked *